Part 12 {Z+U}

3 1 0
                                    

ZAWGYI

🌹နှင်းဆီပင်၏ ဆူးညှောင့်များ 🌹 ep 12

(27.2.2024) Tuesday

"အား...!!"

နွယ်သွေးမော် လက်ချောင်းထိပ်ဖျားမှ သွေးများ စီးကျလာသည်.... ဘေးနားမှာ ဘာမှ စိုးရိမ်ထိတ်လန့် ခြင်း မရှိဘဲ ကြောက်စရာ အပြုံးဖြင့် ပြုံးနေသောသူမှာ နှင်းဆီနက်....

နွယ်သွေးမော် မျက်ရည်တွေ တစ်ခုပြီး တစ်ခု ကြမ်းပြင် ပေါ်ကို ကျလာတော့သည်... နာလွန်းသော်လည်း ကြိတ်မှိတ်ခံ နေရသည်...

"ဘာလုပ်နေတာလဲ ဆက်ကောက်လေ..."

"ဟုတ်...ကဲ့..."

နွယ်သွေးမော် လဲ ဒဏ်ရာ ရာနေပေမယ့် သည်းခံပြီး ဆက်ကောက်ရသည်.... နှင်းဆီနက် အတွေးထဲမှာတော့...

"နင့်ကို အဲ့လို နှိပ်ဆက်ရတာ ငါပျော်တယ် နွယ်သွေးမော်...!"

______________________________

နွယ်သွေးမော် သူမ ရဲ့ လက်က ဒဏ်ရာတွေကို ပြန်ကြည့်လိုက်တယ်.... ဒဏ်ရာတွေ​က အခုထိ မကျက်နိုင်သေး....

"နှင်းဆီနက် နင်ပေးခဲ့တဲ့ ဒဏ်ရာတွေက ခုထိ မကျက်နိုင်သေးဘူး.... နင့်ကြောင့် ငါနာကျင်ခဲ့ရတယ် ငါ့ဘဝပျက်ခဲ့ရတယ် နင့်ကို ငါလုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး နှင်းဆီနက်..."

ပြောရင်း ပန်းကန်ကို ပစ်ချလိုက်တယ်.....

"ခွမ်း~~~"

"မမလေး...မမလေး... ဘာဖြစ်တာလဲရှင့်...! အမလေး..."

ကြမ်းပြင်ပေါ်က ဖန်ကွဲစတွေကို တွေ့တော့ ခေတ်ဦး က ရပ်လိုက်တယ်....

"အခုချက်ချင်း အဲ့ဒါတွေကို သိမ်းသွားစမ်း မိခေတ်.."

"ဟုတ်ကဲ့ပါ မမလေး..."

"သမီးနွယ် ဘာဖြစ်... ဟယ်တော့..."

ကြမ်းပြင်ပေါ်တွင် ဖန်ကွဲစ အကွဲကြီးတွေကို တွေ့လိုက်ရတယ်.... ကြီးဆု နဲ့ တူတူ ဒီဇင်ဘာ လဲ ပါလာတယ်လေ...

"တီနွယ်......"

"ဒီဇင်ဘာ.... အား..."

"ဟယ်... စလာပြန်ပြီ..... မိခေတ် သွား ဒေါက်တာ့ ကို သွားခေါ်ချေ...."

"ဟုတ်...ဟုတ်ကဲ့ ကြီးဆု...."

"မိဝေက ဒါတွေ လှည်းလိုက် မြန်မြန်..."

🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)Where stories live. Discover now