Part 15 {Z+U}

5 1 1
                                    

ZAWGYI
🌹နှင်းဆီပင်၏ ဆူးညှောင့်များ ep 15🌹

အပိုင်း ၁၅

ဖုန်းချသွားသည်..... ဒေါ်မေဇင်ပယ်က (မေဇင်ပယ် လို့ပဲ ခေါ်တော့မယ်နော် နာမည်နှစ်မျိုးဆို ရှုပ်လို့) မှန်ထဲမှာ ပေါ်နေတဲ့ သူမ ရုပ်ပုံကို ကြည့်ပြီးသဘောကျနေတော့သည်.....

ဒေါ်မေဇင်ပယ် ဆိုသည့်မိန်းမဟာ အသားဖြူဖြူ နှာတံစင်းစင်း မျက်ခုံးကောင်းကောင်း အမဲရောင် မျက်လုံး  နှင်းဆီနီရောင် နှုတ်ခမ်းတစ်စုံ အရပ် ၆ ပေ ၁" အနောက်တိုင်းဝတ်စုံ အင်္ကျီလက်ရှည် အမဲကိုသာ ဝတ်ဆင်လေ့ရှိတယ် အောက်ပိုင်းကိုတော့ ဘောင်းဘီရှည် အမဲ ဒါမှမဟုတ် ဂျင်းဘောင်းဘီအနက်သာ ဝတ်ဆင်လေ့ရှိတယ် ကားဆိုလဲ အနက် လည်ပင်းထိ တိုထားတဲ့ ဆံပင်လဲ အနက် ဒါ့ကြောင့်လဲ နှင်းဆီနက် လို့ ခေါ်ကြတာပေါ့

ဒေါက်~ဒေါက်~ဒေါက်~

"သခင်မကြီးရှင့်...."

"ဘာလဲ...!!! ဝင်ခဲ့..."

ထိုစဉ် အခန်းပြင်မှ ဆုနေနီ လို့ခေါ်တဲ့ အိမ်ဖော် တစ်ယောက်က ဝင်လာတယ်....

"ဟို...ဟို... သခင်ကြီးက ဒီနေ့ ညနေ အိမ်ကို ပြန်လာမယ်လို့ အကြောင်းကြားခိုင်းလိုက်လို့ပါ..."

"ဘာ...!!! သူက ဒီနေ့ ခရီးထွက်ရမှာ မဟုတ်လား ဘာဖြစ်လို့ ပြန်လာရမှာလဲ....!!"

"အဲ့ဒါတော့ ကျွန်မလဲ မသိပါဘူးရှင့်...."

"ဒုက္ခပဲ.... ဒီနေ့ ညနေပဲ ဟိုက လာမှာ... ကဲ သွားတော့"

"ဟုတ်ကဲ့....."

ဆုနေ ထွက်သွားတော့ အခန်းထဲတွင် မေဇင်ပယ် တစ်ယောက်ထဲပဲ ကျန်ခဲ့တော့သည်..... မေဇင်ပယ် အရမ်းစိတ်ပူနေသည်.... သူဘယ်လိုလုပ်ရပါ့..... သူစဉ်းစားတွေးတောနေသည်.....

မတတ်နိုင်တဲ့အဆုံး ဖုန်းကို ကောက်ကိုင်လိုက်သည်....

"ဟယ်လို.... ထွန်းတောက် နင်မလာနဲ့တော့ အဲ့အစား ငါနင့်ဆီကို လူတစ်ယောက် လွှတ်လိုက်မယ် သူ့ကိုပဲ ငွေထုပ် ပေးလိုက်.... ကြားလား ငါစကားဝှက် ပြောလိုက်မယ် အဲ့ဒါက "......" ဟုတ်ပြီနော်"

"ဟုတ်ကဲ့ပါ Boss..."

______________________________

မိုးမြေ့မာန် တစ်ယောက် ဒီဇင်ဘာ့ကို မုန့်ဝယ်ကျွေးပြီးတာနဲ့ အိမ်ပြန်သွားသည်..... သိုက် နဲ့ ဒီဇင်ဘာ က နွယ် စားချင်တယ်ဆိုလို့ ခေါက်ဆွဲကြော် သွားဝယ်ကြသည်.... မတည့်ပေမယ့် သူဌေးဖြစ်သူက ခိုင်းတော့လဲ သိုက် ဝယ်ပေးရပေမည်.... ဆေးရုံရှေ့က တရုတ်စားသောက်ဆိုင်လေးတစ်ဆိုင်ကို ဝင်လာခဲ့ကြသည်..

🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)Where stories live. Discover now