{ZAWGYI}
နွယ်သွေးမော် တစ်ယောက် တံခါးဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းမှာ သူမရဲ့ သူငယ်ချင်းဖြစ်သူ အမရာ နဲ့ အတူ ကောင်မလေးအချို့ကို တွေ့လိုက်ရတယ်။ အမရာက Lesbian တစ်ယောက်ပါ။ ကျောင်းကထဲက ရည်းစားရှုပ်တတ်သူဖြစ်တယ်။ နွယ်သွေးမော် တစ်ယောက် ချောင်းဟန့်လိုက်တယ်။
"အဟမ်းဟမ်း......"
"ဟင်.... အော် နွယ် လာလေ....."
အမရာ တစ်ယောက်က လက်ထဲက ကိုင်ထားတဲ့ ဝိုင်ခွက်ကို စားပွဲခုံပေါ်တင်လိုက်ပြီး ဘေးနားက ကောင်မလေးတွေကို ခေါင်းနဲ့ အချက်ပြလိုက်တယ်။မင်းတို့ သွားတော့ဆိုတဲ့ သဘောပေါ့။ ဒီလိုလုပ်ပြလိုက်တာကို ကောင်မလေးတွေကလဲ သဘောပေါက်ဟန်တူသည်။ ခပ်မြန်မြန်ပဲ အခန်းထဲက ထွက်သွားကြသည်။
"လာ လာ ထိုင်"
"အေးအေး"
"ကဲ.... ဘာသောက်မလဲ ငါ့ဆိုင်မှာတော့ မျိုးစုံရှိတယ်နော် နင်သောက်မယ်ဆိုရင် ငါနင့်ကို အလကားတိုက်မှာပါ"
"အော် စားဖို့ကတော့ ကိုယ့်ဘာသာရှင်းပေါ့လေ"
"အေး ဟုတ်တယ်လေ"
"အမလေး ငါကလဲ ရှင်းနိုင်ပါတယ်နော်"
"တောင်းပန်ပါတယ်လို့ Company C.E.O ကြီးရဲ့ နင် ရှင်းနိုင်တယ်ဆိုတာလဲ ငါသိပါတယ် ငါက တမင်စတာပါဟယ် နင်လဲ ရောက်တုန်းရောက်ခိုက် နေပါဦးနော့"
"အေးပါ ဒါဆိုလဲ စပျစ်ဝိုင် တစ်ခွက်ပေးပါ ပြီးတော့ အာလူးချောင်းကြော်လေး"
"ကဲ ဒီအမပြောတာကို ချပေးလိုက်နော် အော်... ဒါနဲ့ ဒီဘေးနားက ညီမလေးကရော ဘာစားဦးမလဲကွယ့်"
အမရာ့ အကြောင်းကို နွယ်တစ်ယောက် ကောင်းကောင်းသိသည်။ အမရာတစ်ယောက် သိုက်ကို ရှုပ်ဖို့ ကြံနေပြီဖြစ်သည်။
"ဟုတ်ရပါတယ် သိုက် မစားတော့ပါဘူး"
"အော် နာမည်လေးက သိုက်တဲ့လား"
"မဟုတ်ပါဘူးရှင့် သိုက်ရွှေယဉ် ပါ"
အော် သိုက်ရွှေယဉ် တဲ့လား နာမည်လေးက လှတယ်နော် တို့နာမည်က အမရာတဲ့ မှတ်ထားနော်"
YOU ARE READING
🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)
Aventuraဒီ story လေးက Lucia ရဲ့ ပထမဆုံး ရေးတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပြီးပဲ ဖတ်စေချင်ပါတယ်ရှင့် 💖💖