မနက်လင်းကြက်တွန်သံကြားသည့်အခါ ရဲစွမ်းမင်းထိုက်သည် နိုးလာခဲ့သည်။ မျက်နှာသစ်သွားတိုက်ရန်အခန်းပြင်ထွက်လာခဲ့ရာ ဘုရားစင်ရှေ့တွင် ပိုးလို့ပက်လက်အိပ်နေသည့် ဝိုင်းအုံချစ်ကြောင့် ကျစ်တစ်ချက်စုတ်သတ်လိုက်ပြီး အိမ်အောက်သို့ဆင်းသွားသည်။
ချစ်တီးလည်း နေရောင်ခြည်စူးရှမှုကြောင့် မျက်မှောင်ကြုပ်ကာ နိုးလာခဲ့သည်။ ငုတ်တုတ်ထထိုင်လိုက်ပြီး ဟိုကြည့်ဒီကြည့် ဟိုကုတ်ဒီကုတ်ဖြင့် ယိုင်တိယိုင်တိုင်ဖြင့်ထလာကာ အိမ်အောက်ထပ်ဆင်းသွားသည်။
"ယောကျ်ားမနက်စာစားပြီးပြီလား"
"ငါ့ကိုယောက်ျား ယောကျ်ားနဲ့မခေါ်စမ်းနဲ့"
"ဘာလို့လဲ ဒီလောက်ခေါ်လို့ကောင်းတာကို"
"မခေါ်နဲ့ဆိုမခေါ်နဲ့ပေါ့ကွာ မင်းဆီကအခေါ်ခံရတာရွံဖို့ကောင်းလို့"
ရဲစွမ်းမင်းထိုက်သည် စိတ်ရှုပ်စွာ စုတ်သပ်လိုက်ပြီး ချစ်တီးရှေ့မှထွက်ခဲ့လိုက်သည်။ ချစ်တီးလည်းထွေထူးပြီးခံစားမနေတော့ပဲ လုပ်စရာရှ်တာလုပ်လိုက်သည်။ ချစ်တီးမျက်နှာသစ်ပြီးလို့ အိမ်ပေါ်ထပ်တက်သာ့်အခါ ရဲစွမ်းမင်းထိုက်၏အရိပ်ပင်မမြင်ရတော့ချေ။
"သူဆေးပေးခန်းကိုသွားပြီထင်တယ်"
ချစ်တီးလည်း အင်္ကျီအဝတ်အစားလဲကာ အမေ့အိမ်သို့သာထွက်ခဲ့လိုက်သည်။
"အွန်မိုညှင်း!!"
"ဘာလို့ခြံအပေါက်ဝကနေ သေမလိုအော်နေတာလဲ"
"အွန်မိုညှင်းကလည်းဗျာ ကျုပ်ဆိုအကောင်းကိုမပြောဘူး"
"နင့်ကိုငါအစာကြေသေးတာမဟုတ်ဘူးနော် ချစ်တီး မြို့တက်ပြီး ဒေါက်တာ့ကိုခေါ်ခိုင်းပါရဲ့ လင်ယူပြန်လာတာ"
"ဟာအွန်မိုညှင်းကလည်းဗျာ"
"ငါ့ကမလဲဘူး ထိုင်နေတာ ပြောကျုပ်တို့ဆီဘာလာလုပ်တာလဲ"
"ဟဲဟဲ အွန်မိုညှင်း ဘာရှိလဲ ဗိုက်ဆာလို့"
"အမလေးတော် ကိုယ့်အိမ်မှာကိုယ်စားလေ"
"ကျုပ်ကဘာလုပ်တတ်လို့လဲ အွန်မိုညှင်းရာ"
"နင်လင်ကြယူတတ်တယ်လေ"