ချစ်တီးတို့လေးယောက် ခြံထဲရှိ တရုတ်စကားဝါပင်အောက်တွင် ဖျာခင်း၍ ထိုင်ကာ လေကောင်းလေသန့်ရှူနေကြသည်။
"ဟျောင့် ချစ်တီး ဟိုမှာ သရက်သီးတွေ"
ယံကျော်စိန်ပြရာကြည့်လိုက်ရာ သရက်သီးတွေပြွတ်နေအောင်သီးနေသည့် သရက်ပင်တစ်ပင်တွေ့သည်။ သရက်ပင်သည် အိမ်အနောက်ဖက်မှာမို့ ခုဏကသူမတွေ့ပေ။ အခုတွေ့လိုက်ရသဖြင့် သရက်သီးကိုချဥ်ချဥ်စပ်စပ်လေးသုပ်၍စားချင်လာပြီဖြစ်သောကြောင့် အပင်ပေါ်တက်သရက်သီးခူးရန် ထလိုက်သည်။
"ဟဲ့ဘယ်တုန်း"
"သရက်သီးခူးမလို့"
"ဘာလုပ်ဖို့လဲ"
"သုပ်စားမလို့"
ကျန်သုံးယောက်သည်လည်း စားချင်နေသောကြောင့်မတားပဲ သူတို့ပါ ချစ်တီးနောက်လိုက်သွားလေသည်။
သရက်ပင်အနားရောက်တော့ ချစ်တီးသည်ပုဆိုးကိုခထောင်းကျိုက်၍ အပင်ပေါ်စတက်သည်။ လက်လှမ်းမှီသည့်အသီးနားရောက်ခါနီးမှာ အော်သံအကျယ်ကြီးတစ်ခုကြားလိုက်ရသည်။
"အဲ့တာဘာလုပ်နေကြတာလဲ!!"
ချစ်တီးတစ်ယောက်သစ်ပင်ကိုဖက်၍ နောက်ပြန်လှည့်ကြည့်လိုက်တော့ သူ့ရဲ့နှစ်ယောက်မရှိသော ယေက်ျားနဲ့ ဟိုတစ်နေ့ကမိတ်ဆက်ပေးထားသည့် ယောကျ်ားရဲ့အစ်ကိုဆိုသူ မျိုးမင်းသန့်ဖြစ်နေလေသည်။
"သရက်သီးခူးနေတာ ယောက်ျား ဟီး"
နွားပွဲစားလိုပြုံးပြပြီးချစ်တီးသည်ပြန်ဖြေလေသည်။ အောက်ကကြံရာပါ သုံးယောက်သည် ဒီကိစ္စထဲသူတို့မပါသလိုဟိုကြည့်ဒီကြည့်နဲ့မသိချင်ယောင်ဆောင်နေကြသည်။
"အခုချက်ချင်းပြန်ဆင်းခဲ့"
"ဟို..ဟိုသရက်..သရက်သီး"
"ဆင်းခဲ့လို့ပြောနေတယ်လေ"
ရဲစွမ်းမင်းထိုက်ရဲ့စိတ်မရှည်တော့သောစကားသံဆကြာင့် ချစ်တီးလည်း သစ်ပင်ပေါ်မှပြန်ဆင်းမည်အလုပ် လေကဘယ်နားကတိုက်လာသည်မသိ ဆောင့်တိုက်လိုက်သဖြင့် အစကတည်းကသေချာမထိုးထားသည့် ခါးအတွင်းမှပုဆိုးစသည် ပြေကျ၍ ပုဆိုးသည် အထက်သို့လန်သွားလေသည်။ အောက်ခံမဝတ်ထားသည်ကြောင့် ပုဆိုးအောက်က တင်းရင်းနေသော အညိုဆင်နှစ်လုံးသည် ထွက်ပေါ်လာသည်။ အောက်က ငါးယောက်လုံးသည် မော့ကြည့်နေရာမှ ချက်ချင်းအနောက်သို့ခန္ဓာကိုယ်ကိုလှည့်လိုက်သည်။