ချစ်တီး ပေါင်မုန်းလုံးလေးကိုမွေးသည့်နှစ်က ပြသနာအားလုံးရှင်းသွားတော့ ရှင်းကြည်သာနဲ့ နှင်းနုက ရှေ့ဆင့်နောက်ဆင့် မင်္ဂါလာဆောင်လိုက်ကြသည်။ ရှင်းကြည်သာကတော့ အမျိုးသားနဲ့အတူ ကိုကို့အဖေအိမ်တွင် သုံးယောက်မန္တလေးမြို့တွင်နေထိုင်လေသည်။ နှင်းနုကတော့ ရွာကထိပ်တင်မယ်ကြမ်းအဖြစ်ကျန်ခဲ့သည်။ ချစ်တီးကလည်း သားနဲ့ယောက်ျားနဲ့အဆင်ပြေပြေဖြတ်သန်းနေသလို ယံကျော်စိန်ကတော့ ယောက်ျားအိမ်မှာ ယောင်းမနဲ့မတည့်အတူနေတစ်ကျက်ကျက်ဖြစ်သည်။ သူတို့လေးယောက်လုံး ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်သွားကြကာ ဘဝကိုပျော်ရွှင်စွာအဆင်ပြေပြေဖြတ်သန်းနေကြသည်။
၃ နှစ်ကြာသော်
"ရဲစွမ်းမင်းဝိုင်း!!!"
ပါးပါးချစ်တီး၏အော်သံကြီးသည် တစ်ရွာလုံးဖုံးလွှမ်းမတတ်ထွက်လာခဲ့သည်။
"ဂျာ"
ချစ်တီးသူ့ရှေ့က မျက်နှာငယ်လေးနဲ့ လက်နှစ်ဖက်ကိုအချင်းချင်းပွတ်သပ်ကာရပ်နေသည့် သားဖြစ်သူကိုခါးထောက်ကာ ကြည့်နေသည်။
"မင်းအသက်ဘယ်လောက်လဲ ပြောငါ့ကို"
ချစ်တီးသားလေးက သူ့လက်တုတ်တုတ်လေးကို သုံးချောင်းထောင်ပြသည်။
"တုံးနှစ်"
"အေးမင်းအသက် သုံးနှစ်လေးနဲ့ ဘာလို့ ပြူးပြူးလေးကို ရည်းစားစကားသွားပြောတာလဲ ဟိုကငိုသွားတယ်တဲ့မင်းဘာလုပ်လိုက်တာလဲ"
"တားက ဘာမလုပ်ဝူး တိုတိုဖင်ကိုအူယားလို့ လှမ်းတိုက်(ကိုက်)လိုက်ရုံပါ"
ချစ်တီးသည် သားဖြစ်သူကြောင့် သက်ပြင်းအခါခါချနေရသည်။
"ငါ့မြေးကိုဆူမနေနဲ့ အဲ့တာနင်ရဲ့မကောင်းတဲ့အကျင့်တွေငါ့မြေးဆီပါနေတာ"
ချစ်တီးအမေသည် မနက်မိုးလင်းတိုင်း မြေးဖြစ်သူကိုလာလာခေါ်သွားနေကြဖြစ်သည်။ ဒီနေ့လည်း လာခေါ်ရင်း ချစ်တီးတို့သားအဖစကားတွေကြားပြီး ချစ်တီးအားပြောနေခြင်းဖြစ်သည်။
"အွန်မိုညှင်းမြေးကိုကမဟုတ်တာ အရင်ကဆို ပြူးပြူးလေးက အိမ်ကိုခဏခဏလာတယ် အခုကြ အိမ်အရိပ်နင်းဖို့နေနေသာသာ ဒင်းမြင်တာနဲ့ကိုထွက်ပြေးနေပြီ"