ရဲစွမ်းမင်းထိုက်ဆေးရုံကိစ္စနဲ့မြို့ပေါ်တက်လာရသည်။ ရဲစွမ်းမင်းထိုက်တို့ သားအဖသုံးယောက် ၁ လလောက်နေမှ ညစာအတူပြန်စားရချိန်ဖြစ်သည်။
"အဖေ တစ်ယောက်တည်းနေရတာအဆင်ပြေရဲ့လား"
"ငါ့သားတွေမှမရှိတာ ဒီအဖေဘယ်လိုနေရအဆင်ပြေမှာလဲလေ"
"အဖေပါရွာလိုက်ခဲ့ပါလား ရွာကသာယာတယ် အေးလည်းအေးချမ်းတယ်"
"မင်းတို့အတွက်အေးချမ်းတဲ့အကြောင်းတရားတွေရှိလို့မဟုတ်ဘူးလား"
"ဟာအဖေကလည်း"
သားနှစ်ယောက်က ရှက်ရှက်ဖြင့်ခေါင်းငုံ့ကာ ထမင်းကိုဇွတ်စားတော့သည်။
"သားကြီး ချစ်ရမယ့်သူတွေ့ပြီလား"
"အဖေ့သားကြီးကဖွင့်တောင်ပြောပြီးပေါ့ ဟိုဘက်ကအဖြေပြန်မပေးသေးတာ"
"ဘယ်သူတုန်းသားရဲ့"
"ဘယ်သူရမှာတုန်း အော်ကြော်လန် ရှင်းကြည်သာပေါ့"
"ဟေ ဟုတ်လားသားကြီး"
မျိုးမင်းသန့်သည် ဂုတ်ကိုပွတ်ကာ ခေါင်းအသာငြိမ့်ပြသည်။
"အေး ဒီအဖေလိုက်တောင်းပေးရတော့မလား"
"အဖေကလည်းဗျာ"
"အဖေရေ စမနေနဲ့တော့ ဟိုကအဖြေပြန်မပေးလို့သူ့မှာကြေကွဲနေတာ"
"ဘာလို့လဲကလေးမကမကြိုက်ဘူးတဲ့လား"
"အဲ့လိုလည်းမဟုတ်ဘူး အင်းမလုပ်အဲမလုပ်နဲ့ မသိချင်ယောင်ဆောင်နေတာ"
"မူနေတာနေမှာပေါ့ကွာ မိန်းကလေးပဲလေ"
"ဟုတ်မှာ"
ရဲစွမ်းမင်းထိုက်တို့သားအဖလည်း ထမင်းစားပြီးတာနဲ့ကိုယ့်အခန်းကိုယ်ဝင်ကာအနားယူကြသည်။ အခန်းတစ်ခုတွင်ရဲစွမ်းမင်းထိုက်ကတော့
"ငါသူ့ကိုဖုန်းဆက်လိုက်ရမလား"
"တော်ပါပြီ အခုလောက်ဆိုအိပ်နေလောက်ပြီ"
"Message ပဲပို့လိုက်ရမလား"
"အား...ငါဘာဖြစ်နေတာလဲ သူနဲ့ခွဲရတာတစ်ရက်တောင်မပြည့်သေးဘူး သူ့ကိုလွမ်းလာပြီ"