အပိုင်း (13)

478 31 0
                                    

ချစ်တီးသည် မနက်လင်းကြက်တွန်သံ​ကြောင့် နိုးထလာခဲ့သည်။

"ဝါး အိပ်လို့​ကောင်းလိုက်တာ"

ချစ်တီးသည်အိပ်ရာမှထကာ အိမ်​အောက်သို့ဆင်းသွား​လေသည်။ အိမ်​အောက်ထမင်းစားပွဲတွင် သူ၏စာချုပ်အရအမည်ခံခင်ပွန်းသည်​လေးက မနက်စာစား​​နေ​လေသည်။

"ကိုကို"

ရဲစွမ်းမင်းထိုက်ထံမှအ​ဖြေပြန်မလာ။

"ကိုကိုလို့"

"ဘာတုန်းကွာ"

"ကျွန်​တော်ကိုကို့အလုပ်မှာကူချင်လို့"

"လူမလိုဘူး"

"ကိုကိုကလည်း"

"မလိုဘူးလို့​ပြော​နေတယ်မလား"

"ဟွန့်သူစိတ်ကြီးပဲ"

ချစ်တီးသည် ရဲစွမ်းမင်းထိုက်အား ​ခြေ​ဆောင့်ကာ ​ရေချိုးကန်ဘက်သို့ထွက်သွား​လေသည်။ ရဲစွမ်းမင်းထိုက်က​တော့ သူ့ကို​ခြေ​ဆောင့်ထွက်သွားသည့်ချစ်တီးအား အံ့သြတကြီးလိုက်ကြည့်​နေသည်။

"ဒီ​ကောင်ဒီလိုလည်းမာယာများတတ်တာပဲ"

ရဲစွမ်းမင်းထိုက်သည် ​သူရွာကို​ရောက်သည့်တစ်ပတ်ရှိသည့်တိုင် ချစ်တီးအားရှိသည်လို့ကိုပင်မသတ်မှတ်ခဲဲ့ပေ။ သူလုပ်စရာရှိတာလုပ်သည်။ သွားတယ် စားတယ် အိပ်တယ် ဒီ​လောက်ပဲ။ သူ့စိတ်ထဲတွင်ဒီကိုချစ်တီး၏အမျိုးသားအဖြစ်​ရောက်လာသည့်အစား ​လုပ်အား​ပေးဆရာဝန်အဖြစ်လာသည်ဟုပင်မှတ်ထားသည်။ ချစ်နဲ့နဲ့ရင်းနှီး​အောင်လည်းမကြိုးစားမိ။ အချိန်တန်ကွာရှင်းမှာပဲ​လေ ရင်းနှီးစရာလည်းမလိုဘူးဟုသူ့စိတ်ထဲတွင်မှတ်ထားသည်။

ရဲစွမ်းမင်းထိုက်သည် မနက်စာကိုအမြန်စားပြီး ​ဆေး​ပေးခန်းသို့ထွက်လာခဲ့သည်။ ချစ်တီးသည်​ရေမိုးချိုးကာအိမ်ထဲပြန်ဝင်လာ​တော့ မည်သူမျှမ​တွေ့​တော့။

"ကိုကိုကသွားလိုက်ပြီထင်တယ်"

ချစ်တီးလည်းအိမ်​ပေါ်သို့တက်ကာ အဝတ်အစားအမြန်ဝတ်လိုက်ပြီး အ​မေ့အိမ်သို့မနက်စာစားရန်ဦးတည်လိုက်သည်။

"ဝိုင်းအုံချစ်" [ COMPLETE ]Où les histoires vivent. Découvrez maintenant