အချိန်အားဖြင့် မနက် ၆နာရီခွဲ
တံခါးရှေ့မှ လာနှိုးနေသော အစေခံခေါင်ဆောင်အန်တီကြီးထိုအန်တီကြီးအား ranအကြောင်းစုံရှင်းပြထားသည်ထိုကောင်လေးက ဒီမှာနေမှာကြောင်းbossက အစေခံတန်လျားမှာနေခိုင်းကြောင်း ပြောထားသည်
"ကောင်လေး ထတော့ သခင်လေးအတွက်မနက်စာစီစဉ်ရမယ်"
မထချင်ဘူး အသားတွေနာနေတယ် ဒါပေမဲ့လဲမထရင်သူကရိုက်မှာလား ?မနေ့ကသူ့ခေါင်းကိုဖြတ်ကန်ထားတာသိတော့
အကုန်းရုန်းထ မိသည်"ဟုတ်ကဲ့ ထပြီးနော်အန်တီလေး"
"အေးအေး ပြီးရင်မီဖိုးခန်းထဲလာခဲ့"
"ဟုတ်"
ကြာညိုမျက်နှာတွင်ဒေါနကောင်းမှုကြောင့် ဖောင်းကားနေသည် ထိလျှင်နာသည်
မျက်နှာသစ်ပြီးမီးဖိုခန်းထဲ၀င်လာသည် မီဖိုခန်းက ကြာညိုရဲ့မျက်စောင်းထိုး အခန်းမို့လို့ပင်
"အန်တီလေး ဘာလုပ်ပေးရမလဲဟင်"
"အေး လာပြီလား ကြက်သားပလာတာလုပ်ဖို့ ကြက်သားဆေးပေးနော် ကောင်လေး"
"ဟုတ်ကဲ့"
အိမ်တော်ထဲမှာ အစေခံမိန်းကလေးအများအပြားရှိသည် ထိုသူတို့ကလဲ ကြမ်းတိုက်သူကြမ်းတိုက် ပန်းကန်ဆေးသူကဆေး ပန်းအိုလဲတဲ့သူကလဲ မို့ကိုယ်စီကိုယ်စီ အလုပ်ရှုပ်နေကြသည် ကြက်သားဆေးပြီးတော့ ပလာတာလုပ်ဖို့ ဂျုံနယ်ရသည်
အန်တီလေးခိုင်းတာအကုန် လုပ်လာလိုက်တာ ၈နာရီခွဲပင်ရောက်တောမည် အကုန်လုံးလဲအဆင်သင့်ဖြစ်နေပြီ"ကောင်လေး ဗိုက်ဆာနေပြီလား ဆာနေရင်လဲခဏသာအောင့်ထား တို့တွေအကုန်လုံး သခင်လေးစားပြီးမှစားရတယ် "
"ဟုတ်လား အခုစားရင်သူက ရိုက်မှာလား"
"အလုပ်ထုတ်မှာ"
ဘာပဲဖြစ်ဖြစ်ကြာညိုကတော့ဒီက ထွက်ပြေးဖို့ကြံထားသည် ဒီကလွတ်သွားရင် အိမ်လဲမပြန်ဘူးသူတို့က လိုက်လာမှာ အဲ့တော့လျှောက်သွားမယ် ပန်းခြံထဲမှာပဲအိပ်ရအိပ်ရ သူများဆိုင်တွေအောက်ထဲတိုးအိပ်ရအိပ်ရ အိပ်မည်ဒီမှာနေပြီး သူအနိုင်ကျင့်တာတော့မခံနိုင်ပေ
![](https://img.wattpad.com/cover/362017543-288-k997809.jpg)
YOU ARE READING
ကြာငယ်ရဲ့ပုံပြင်
Romance"အရာရာဟာ အကိုနဲ့ပဲစတင်ခဲ့တာမို့အကိုနဲ့ပဲပြီးဆုံးချင်တယ် အကို" "ကြာညို"