part_12

570 74 12
                                    

ran မှုးမှုးဖြင့်ခြံထဲ၀င်လာပြီးကားထိုးရပ်လိုက်သည်။
ပြီးနောက်သူ့အခန်းထဲ တန်း၀င်သွားသည်။

ဒေါန ranခြံထဲ၀င်လာထဲကသိသည်။ညလဲနက်နေပြီမို့ မနက်မှပဲဆူတော့မည်။အိပ်ယာပေါသို့ပြန်လှည့်ရင်း ဖက်လုံးလေးကိုရက်ထဲပိုက်ကာကွေးကွေးလေးအိပ်နေသောကြာညို့အားကြည့်မိသည်။ဖြူစင်လွန်းတယ်...

အဲ့နေ့ထဲကမင်းကိုငါသတ်လိုက်ရင်....?အခုချိန်မှာ မင်းအဖေကိုသတ်ခဲ့မိတာအားနာပေမဲ့ သူကသေသင့်တဲ့သူပဲလေ....

မနက်၇နာရီ၃၀မိနစ်

ကြာညိုနဲ့အန်တီလေးသည်စျေးသို့သွားပြီဖြစ်သည်။
ဒေါနသည်companyသို့မသွားပဲဧည့်ခန်းထဲတွင်ကော်ဖီသောက်ရင်းစာအုပ်တစ်အုပ်အားဖတ်နေလိုက်သည်။ပုံမှန်ဆိုဒေါနက ဒီအချိန်ဆိုအလုပ်သွားနေကြ ဒါပေမဲ့အခုထိအိမ်မှာဆိုတော့ ဒါအလုပ်နားတယ်လို့ယူဆလို့ရတယ်။ဒေါနက အိမ်မှာနားတာရှားတယ်။

ခနနေတော့ ranအပြင်ထွက်လာသည်။ခေါင်းလျှော်ထားတယ်နဲ့တူပါတယ်။ဆံပင်ကိုသပ်ပြီးခေါင်းတစ်ခါခါလုပ်နေသည်။အခုမှခေါင်းတွေထိုးကိုက်နေတယ်နဲ့တူပါတယ်။

companyသို့သွားရန်ဧည့်ခန်းထဲကဖြတ်လျှော်ချိန်

"ran~"

အခုမှမြင်တယ်နဲ့တူပါတယ်။မျက်နှာကလဲအံ့သြသွားသလို ဒေါနရှေ့သို့သူသွားလိုက်သည်။

"ညက ဘယ်အချိန်ပြန်လာလဲ"

သူ့ကိုဆူနေပြီဆိုတာကိုသိတော့ခေါင်းလေးငုံကာ​ဒေါနပြောတဲ့စကားကိုနားထောင်နေသည်။

ranသေချာပြန်စဉ်စားလိုက်ပြီး

"ညကတော်တော်လေး ညနက်ပါတယ်ဆရာ"

"ဘာတွေသောက်လာလဲ"

"အပြင်းစားရှန်ပိန်းတစ်ပုလင်းလောက်ပါဆရာ"

"အတတ်ကောင်းတွေတတ်နေပြီပေါ့ ဟုတ်လားran ဒါပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေမင်းနောက်တစ်ခါသောက်လာတာငါသိရင် လက်ပါမိလိမ့်မယ် "

စိတ်ထဲမှမပါသောစကားအားဆိုမိသည်။ဒီကောင်လေးအခုမှအသက်က၂၀ကျော်ရှိသေးတယ် အပျက်မခံနိုင်ဘူး။ပွဲတွေ ပါတီတွေမှာဆိုရင်တော့ဒေါနခွင့်ပြုပါတယ်။အခုဟာက barသွားပြီးသွားသောက်တာကတော့လက်မခံနိုင်ပေ။
မင်းကိုမဆုံးရှူံးချင်ဘူးran။

ကြာငယ်ရဲ့ပုံပြင် Onde histórias criam vida. Descubra agora