ရွှေတောင်ကြားမှာ အိမ်ယာမြေအရောင်းပွဲတော်လုပ်မည့်ကိစ္စတွင်မင်းသမီးငှားရန်လိုအပ်လေသည်။နေယံခေါင်သည်သူ့တပည့်အားလတ်တလောhitဖြစ်နေတဲ့မင်းသမီးကိုငှားရန်ပြောလေသည်။ထို့နောက်hitဖြစ်နေတဲ့မင်းသမီးနာမည်အား ပြောခိုင်းလေသည်။ နေယံခေါင်တပည့်သည် ဖုန်းscreenအားကြည့်ကာ
"မေပိုးအိမ်"
"မယ်သင်းရနံ့"
"ခင်ဇာချည်"
"သင်ဇာကျော်ကျော်"
"မေဘယ်လ်ကာချယ်"
"ပန်းချီပိုးအိမ်"
"မြလေးသွယ်""ဒါတွေပါဘောစ့်"
"မေဘယ်လ်ကာချယ် ကိုငှားလိုက်။ပြီးရင်သူတောင်းသလောက်ပေးလိုက် အဆင်ပြေရင်ညနေငါနဲ့လာဆွေးနွေးဖို့ပါပြောလိုက်"
"ဟုတ်ကဲ့ ဘောစ့်"
နေယံခေါင်ကတော့ သဘောကြီးကျနေလေသည်။
*ဒေါနမင်းရဲ့အချစ်ဉီးက ဒီလောက်တောင်နာမည်ကြီးနေပြီပေါ့ ဟားဟား*ညနေဒေါနရုံးအဆင်းအပြန်
ကြာညိုသည်ဒေါနအခန်းထဲတွင်အကျင်္ီများကိုသပ်သပ်ရပ်ရပ်ခေါက်နေသည်။ဒေါနအိမ်ပြန်ရောက်တော့ကြာညို့အားမီးဖိုခန်းထဲတွင်ဝေ့ဝဲရှာမိသည်။မတွေ့တော့အိမ်ပေါတက်လာခဲ့သည်။တံခါးအားဖွင့်လိုက်တော့ ဗီဒိုရှေ့တွင်ကျကျနန ထိုင်ကာအ၀တ်ခေါက်နေသောကြာညို့ကိုတွေ့လေတော့
"မနက်ကဆေးသေချာသောက်ရဲ့လား"
အခုမှတွေ့တယ်နဲ့တူပါတယ်
"ဟုတ် သောက်ပါတယ်အကို"
"အင်း ငါရေချိုးတော့မယ်"
ဒေါနရေချိုးခန်းထဲ၀င်တော့ကြာညိုကဆက်ပြီးအ၀တ်ခေါက်နေလိုက်သည်။
ရေချိုးခန်းထဲတွင် ရေကျသံလေးတွေကသံစဉ်လိုပေ။ရေပန်းပေါကကျလာတဲ့ရေတွေကိုခံယူရင်းစဉ်းစားမိသည်။
ငါမနေ့က အတင်းလုပ်လိုက်တာမှန်ရဲ့လားပေါ့။ဒေါနအနေနဲ့အရင်ကနဲ့ကြာညို့ကိုဇနီးမယားအိမ်သူအိမ်သားတစ်ယောက်လိုသဘောမထားပေးနိုင်ပေမဲ့ ယခုတွင်တော့ကောင်လေးကသနားစရာကောင်းတယ်။ဆူလိုက်တိုင်းဘာတစ်ခွန်းမှပြန်မပြောပေဘူး။ခက်တာကကိုယ်ကသူ့အဖေကိုသူ့အရှေ့မှာသတ်ထားတာ။
စိတ်တော့နာနေမှာပဲ။အရင်ကလိုတင်းတင်းမာနာမဆက်ဆံတော့ဘဲနွေးနွေးထွေးထွေးနေပေးပါ့မယ်။
ပြန်မချစ်ပေးနိုင်ပေမဲ့ လိုအပ်တိုင်းရှိနေပေမယ်။
YOU ARE READING
ကြာငယ်ရဲ့ပုံပြင်
Romance"အရာရာဟာ အကိုနဲ့ပဲစတင်ခဲ့တာမို့အကိုနဲ့ပဲပြီးဆုံးချင်တယ် အကို" "ကြာညို"