part_18

355 39 7
                                    

ညနေ၄ရီ

အိပ်ယာပေါတွင်ကွေးကွေးလေးအိပ်နေသောကြာညိုသည်သနားစရာတကယ်ပင်ကောင်းသည်။

ဒေါနအိပ်ခန်းထဲ၀င်လာပြီးအိပ်ယာပေါတွင်အိပ်နေသောကြညို့အားနှိုးလိုက်သည်။

"ကြာညို ထ တစ်နေလုံးအိပ်နေတာဆို မသက်သာဘူးလားဆေးခန်းသွားမလား"

"ကိုကို ဘယ်တုန်းကပြန်ရောက်နေတာလဲဟင်
ရာရာ့ကိုတောင်လာမခေါဘူး ဟွန့်အကျင့်ပုတ်"

ဒေါနတို့အိပ်ခန်းကို၀င်လာသောရာရာ။

"ရာရာအခန်းထဲပြန်သွားနေ ကိုကိုပြီးမှလာခဲ့မယ်"

"ကျစ်~ပြီးရောဗျာ..ရာရာသွားပြီနော်"

ဒေါနခေါင်းသာငြိမ့်ပြလိုက်သည်။
ရာရာထွက်သွားပြီးနောက်

အခုချိန်ထိဒေါနကိုကြည့်နေသောကြာညို့ကုဒေါန နဖူးစမ်းလိုက်ပြီး

"ကိုယ်ပူနေတယ် ဆေးခန်းသွားမယ်ထ"

ကြာညိုခေါင်းခါပြလိုက်သည်။အနာပေးလိုက်ဆေးပေးလိုက်နဲ့။

"ခေါင်းမမာစမ်းနဲ့ကြာညို ထသွားမယ်"

"ကျွန်တော်မလှုပ်ချင်ဘူးအကို..အကိုပေးထားတဲ့ဆေးသောက်လဲရတာပဲ ခါတိုင်းလဲကျွန်တော်ဒီလိုပဲနေခဲ့တာ"

"မင်းသဘော!စိတ်ပူလို့တော့မဟုတ်ဘူး မင်းသေရင်ငါပါအမှုပတ်နေမှာကြောက်လို့"

နက်ခ်ကတိုင်ကိုဆွဲချွတ်ကာရေချိုးခန်းထဲ၀င်သွားလေသည်။

ကြာညိုကတော့ အိပ်ယာပေါတွင်ပြန်မှေးနေလိုက်သည်။
ကျွန်တော်သေသွားရင်ကောင်းမယ်အကို။

ည၈နာရီ

"ဆရာ နေယံခေါင်တို့ဂျပန်တွေနဲ့ပစ္စည်းလဲဖို့သတင်းရထားပါတယ်။လုံး၀သေချာပါတယ်"

"တော်တယ် ranအဲ့ပစ္စည်းလဲတာမဖြစ်မြောက်စေရဘူး ငါတို့ဖျက်မယ် နေယံခေါင်သွေးပျက်နေတာကိုမြင်စေရမယ်"

"ဖြစ်စေရပါမယ် ဆရာ"

"အင်းးသွားနားတော့"

"ကျေးဇူးပါဆရာ"

ဒေါနအိမိပေါသို့တက်လာပြီးကြာညို့ဘေးနား၀င်အိပ်လိုက်သည်။ကြာညိုကတော့စည်းချက်မှန်မှန်အိပ်ပျော်လို့နေလေပြီ။

ကြာငယ်ရဲ့ပုံပြင် Where stories live. Discover now