part_16

360 32 7
                                    

အိမ်၌,

"မင်းဘယ်လိုအဲ့ကိုရောက်နေတာလဲ ကြာညို"

ဒေါနကတော်တော်လေးဒေါသထွက်နေတာမို့ကြာညိုရှိုက်ရှိုက်ငိုနေသည်။ဒေါနကိုကြောက်တာလဲပါသည်။

"မ မနက်ကစျေးကိုသွားတာ သူကဖမ်းသွားတာ"

ကလေးလို၊ကလေးတွေလိုငိုပြီးစကားပြောနေတာကြောင့်ဒေါနစိတ်တွေထိန်းချုပ်လိုက်ရသည်။

"မင်းပျောက်သွားတော့ငါတို့ဘယ်လောက်အလုပ်ရှုပ်ရလဲသိလား"

လက်လေးနှစ်ဖက်ကိုရှေ့ထားပြီးခေါင်းလေးခါပြတာကြောင့်
ဒေါနပိုလို့တောင်....

"ထားတော့ မင်းဒီနေ့ကနေစပြီးအပြင်မထွက်ရဘူး"

"အကို့သဘောပါ~"

ငိုထားတာကြောင့်မျက်လုံးလေးကနီရဲနေသည်။မျက်ခွံကလဲမို့မို့လေး။မျက်၀န်းအိမ်ထဲကမျက်ဆံလေးကလဲငိုလိုက်လို့မှေးနေသယောင်။

ranကိုလည်းဖုန်းဆက်ပြီးဆက်မရှာနဲ့တော့ကြောင်း။ပြန်တွေ့ပြီးဖြစ်ကြောင်းပြောကာcompanyသို့သွားခိုင်းလိုက်သည်။အစည်းအဝေးလဲတက်ရအုံးမည်လေ။ပြီးရင် အိမ်ယာမြေအရောင်းပွဲတော်သွားရအုံးမည်။
ဘာမှပြောမနေတော့ဘဲကားသော့ဆွဲကာ companyသို့။အခုမှစိတ်လန်းသွားသလိုပင်။




အိမ်ယာမြေအရောင်းပွဲတော်

လုပ်ငန်းရှင်ကြီးတွေသာတက်ရောက်နိုင်သောပွဲ။မြေအောက်လောကသားတွေလဲပါတာပေါ့။လူတွေကလဲစည်းကားလျက်။ဒီပွဲကိုဒေါန နေယံခေါင်ကိုမျက်နှာပြောင်တိုက်ပြီးလာတာပင်။ခနနေပွဲကစတော့မည်။

"အားလုံးပဲ မင်္ဂလာပါခင်ဗျ အိမ်ယာမြေအရောင်းပွဲတော်ကနေကြိုဆိုပါတယ် ဒီနေ့မှာတော့ ရွေတောင်ကြားလမ်း###***မှာရှိတဲ့အိမ်ကိုနိုင်ငံကျော်မင်းသမီး ဘယ်သူက ရောင်းချသွားမလဲဆိုတာကြည့်ရှုလိုက်ကြရအောင်ပါ"

"ဖြောင်း ဖြောင်း"
(လက်ခုပ်တီးသံ)

"သူကတော့...."

ထိုအချိန်မေဘယ်လ်ကာချယ်ပွဲရှေ့သို့ရောက်ချလာလေသည်။

"မမေဘယ်လ်ကာချယ် ဖြစ်ပါတယ်ခင်ဗျာ"

ကြာငယ်ရဲ့ပုံပြင် Where stories live. Discover now