ကြာညိုသည်runပြောသလို ဒေါနအတွက်အကျင်္ီထုတ်ထားခဲ့သည်ပြီးတော့ဒေါနသည် အိမ်ပြန်လာပြီး အ၀တ်အစားလဲကာ ပွဲသို့တန်းသွားသည်
ပွဲ၌
နေယံခေါင်သည်ထောင့်အကျဆုံးနေရာတွင်၀င်ထိုင်လျှက်ပြီးတော့စားပွဲထိုးလေးအားမျက်စ ပစ်ပြလိုက်သည် ဒီအထာကတော့သူတို့နှစ်ယောက်သာသိနိုင်သည်
ဒေါနပွဲသို့၀င်လာသည် အလယ်၀ိုင်း၀င်ထိုင်ရင်း runရဲ့အကျီအိတ်မျက်ခုံးပင့်ပြလိုက်သည် ဒါဟာ ဒေါနဆေးလိပ်တောင်းတာပင်
run ပေးပြီးမီးခြစ်ခြစ်ပေးလိုက်သည်
ဒေါနလက်ကြားထဲဆေးလိပ်သောက်ရင်းဘေးဘီသို့ဝေ့ကြည့်မိသည် သချင်းသံတွေက အကျယ်ကြီးမို့လို့ စိတ်ရှုပ်မိသည်
"လူတော်တော်များတာပဲ"
ဒေါနထိုသို့ပြောတော့runလဲခေါင်းလေးစောင်းကာကြည့်လိုက်မိသည်
"မောင်ရင် ဉီးကမလာဘူးတောင်ထင်နေတာ မောင်ရင်ကအလုပ်များသကိုးး"
"လာရမှာပေါ့ အန်ကယ် အန်ကယ်တကူးတက ဖိတ်တာကိုကျွန်တော်မလာရင်ရိုင်းရာကျမှာပေါ့"
ပြုံးပြုံးလေးသာဆိုမိသည်
ဒီပွဲလေးဟာ ဉီးနေမြင့်ရောင်နဲ့ဒေါမြင့်စံအောင်တို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ပင်
"ဒါဆိုမောင်ရင် သုံးဆောင်ပါအုံး မောင်ရင်ကြိုက်တဲ့ နှစ်ချို့၀ိုင်ကိုအင်္ဂလန်ကမှာထားတယ်"
"အမှတ်ပြည့်ပေးလိုက်ပြီ အန်ကယ် ဟားဟား"
ဒေါနထိုသို့ပြောတော့ ဉီးနေမြင့်ရောင်က တဟားဟား လိုက်ရယ်သည်
"မောင်ရင် ဒါဆို အန်ကယ့်ကိုခွင့်ပြုအုံး"
"ကောင်းပါပြီ အန်ကယ် ကောင်းပါပြီ"
ဉီးနေမြင့်ရောင်ထွက်သွားတော့မှ
"run မှာလိုက်"
runက အရိပ်ပြအကောင်မြင်သလိုဒေါနဘာကိုဆိုလိုမှန်းသိသည်
ဘေးနားက တပည့်တစ်ယောက်ကို runစေခိုင်းလိုက်သည်
စေခိုင်းလိုက်သည့်သူသည် နေယံခေါင်၏ သူလျှို
YOU ARE READING
ကြာငယ်ရဲ့ပုံပြင်
Romance"အရာရာဟာ အကိုနဲ့ပဲစတင်ခဲ့တာမို့အကိုနဲ့ပဲပြီးဆုံးချင်တယ် အကို" "ကြာညို"