ဟော့ပေါ့ဆိုင်တွင်ဖြစ်လေသည်။
ဒေါနနဲ့ရာရာဟော့ပေါ့ဆိုင်တွင်စားသောက်နေကြသည်။
"ကိုကို"
"အင်းပြောလေရာရာ"
"ကြာညို့ကိုကွာရှင်းလိုက်ပါလား"
"ဘာလို့လဲ"
"....."
"ရာရာကငယ်ပါသေးတယ်ကွာ တစ်နေ့ကြရာရာလဲမလွှဲမသေလက်ထပ်ရမှာပဲလေ"
ဒေါနအထင်ကဒီခလေးကသူ့ကို အကိုအနေနဲ့လက်မထပ်စေချင်။သူများအကိုတွေလိုလက်ထပ်သွားတာနှမြောလို့ပဲထင်နေသည်။ဒေါနသည်လဲရာရာ့ကိုညီအရင်းတစ်ယောက်ထက်မပိုသောသံယောဇဉ်များသာရှိသည်။
စကား၀ိုင်းလေးတစ်ဖန်ပြန်တိတ်ဆိတ်သွားလေသည်။နောက်၂နာရီအကြာမှာတော့ ရာရာ့ကိုကားပေါအရင်တက်ခိုင်းခဲ့ကာ ဒေါနကဟော့ပေါ့ဆိုင်ရဲညာဘက်အခြမ်းမှာ ဟော့ဒေ့ါ၅ချောင်း၀ယ်လာသည်။ဒါကိုရာရာမမြင်။မမြင်ဆိုဖုန်းကိုကြည့်နေလို့ဖြစ်သည်။
အိမ်ပြန်ရောက်သော်
ကြာညိုကမီးဖိုခန်းထဲတွင်အန်တီလေးနှင့်စကားပြောနေသည်။ရာရာကတော့အိပ်ချင်လို့ဆိုကာ အပေါသို့သွားလေပြီ။
"ကြာညို"
ဧည့်ခန်းထဲတွင်ထိုင်ကာမီးဖိုခန်းထဲရှိကြာညိုအားလှမ်းခေါလိုက်သည်။
"လာပါပြီ အကို"
အပြေးကလေးရောက်လာသည်။
"ရော့"
ဒေါနကဗူးလေးဖြင့်ထည့်ထားသောဟော့ဒေါ့ချောင်းအားကြာညို့ကိုပေးလာသည်။
"ဒါဘာကြီးလဲအကို"
"စားစရာလေ မစားဘူးလား မစားရင်လွှတ်ပစ်လိုက်!"
"မဟုတ်ပါဘူး စားပါ့မယ် နှမြောစရာကြီး"
ကြာညိုလှမ်းယူကာပြောသည်။
"ပြီးရင်အခန်းထဲလာတော့ အကြော့လျှော့ပေး ပင်ပန်းနေတယ်"
ဒီရက်ပိုင်းcompanyက်ိစ္စနဲ့နေယံခေါင်ကဘယ်လိုအလစ်၀င်တိုက်မလဲဆိုတာစဉ်းစားနေရသည်။
"ဟုတ်ကဲ့ ကြာညို အန်တီလေးကိုပန်းကန်တွေ၀ိုင်းဆေးပြီးရင်လာခဲ့မယ်နော်"
YOU ARE READING
ကြာငယ်ရဲ့ပုံပြင်
Romance"အရာရာဟာ အကိုနဲ့ပဲစတင်ခဲ့တာမို့အကိုနဲ့ပဲပြီးဆုံးချင်တယ် အကို" "ကြာညို"