part_11

692 67 10
                                    

မနက်၆နာရီခွဲခန့်~~~~~~~~~~

ဒေါနမျက်နှာသစ်ကာ လက်တော့ပ်အားယူလိုက်သည်။ဒေါနဒီအချိန်တစ်ခါမှမနှိုးဖူးပေမဲ့ လုပ်စရာရှိတာကြောင့်စောစောထလိုက်သည်။တစ်အိမ်လုံးရဲ့CCTVက သူ့လက်တော့ပ်နဲ့ချတ်ဆက်ထားတာမို့ ဘာပဲသိချင်သိချင် ဖွင့်ကြည့်လိုက်ရုံသာ။

တွေ့ပါပြီ။ညအချိန်မတော်ကြီးမီးဖိုခန်းထဲမှာ ကုပ်ချောင်းကုပ်ချောင်းနဲ့နှစ်ကောင်သား။ဘယ်ကမှန်းမသိတဲ့ဇီးသီးတွေကိုငရုတ်သီးမှုန့်တွေနဲ့ အားရပါးရသုတ်စားနေတာ။

ဒါကြောင့်ဗိုက်အောင့်တာကို ဘေးနာမှာသူမဟုတ်သလိုအိပ်နေတဲ့ အကောင်ပေါက်ကိုနှိုးလာမှ ဆူပစ်တော့မည်ဟု စိတ်ထဲကြိမ်းဝါးနေစဉ်....

ဆက်ကနဲ့ကုန်းထလာသူသည် ကြာညို။အိပ်ယာပေါကနေအရှေ့အုတ်နံရံမှာရှိနေတဲ့ နာရီကိုလှမ်းကြည့်လိုက်သည်။

အခုချိန်ထိဒေါန ဘေးနားမှာရှိနေတာကိုမသိသေးပင်။

"၆နာရီ၄၂မိနစ်တောင်ရှိပြီ"

အိပ်ယာပေါကဆင်းပြီးရေချိုးခန်းထဲဝင်ရန်ကြံလိုက်တော့ဒေါနက အသေအချာကိုကြည့်နေတာပင်။

"ဟင် အ အကိုနှိုးနေတာ?"

ဒေါနက မျက်မှောင်ကြုတ်ပြီးကြည့်နေသည်။

"မျက်နှာသွားသစ်မှာမလား သွားသစ်"

ဆိုကာ ကုတင်ပေါပြန်လှဲကာ အိပ်တော့သည်။

ကြာညို့စိတ်ထဲ၌လည်းတွေဝေနေသည်။ငါများအအိပ်ကြမ်းလို့ အကိုနှိုးသွားတာလားပေါ့။မဖြစ်နိုင်ငါမှအအိပ်မကြမ်းတာ။ခေါင်းရှုပ်တယ် မစဉ်းစားတော့ဘူး။

အိမ်အောက်ထပ်ဆင်းကာ အန်တီလေးနဲ့ဈေးသို့~~~~~~~

🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

မနက်၈နာရီ

ကြာညိုတို့စျေးကနေပြန်တောင်လာပြီး ဒေါနအတွက်မနက်စာလုပ်ပေးနေသည်။

ခဏကြာတော့ဒေါနနဲ့ရာရာနှစ်ယောက်တွဲဆင်းလာသည်။
အမှန်တော့ ရာရာက ဒေါနနဲ့အောက်ဆင်းဖို့ အခန်းထဲသွားစောင့်နေခြင်း။

"ကိုကို"

မနက်စာ၀ိုင်းလေးကနှစ်ယောက်ဖို့တိတ်ဆိတ်နေပင်မဲ့ တိတ်ဆိတ်ခြင်းကိုဖြိုခွင်းလိုက်သောသူသည် ရာရာပင်ဖြစ်သည်။

ကြာငယ်ရဲ့ပုံပြင် Where stories live. Discover now