ဒေါနဒီနေ့companyသို့မသွားအိမ်မှာရှိနေသည်။ranကလဲ အပြင်သို့ထွက်သွားလေသည်။
မနေ့ညက ကြာညို၏နဖူးသည် နှစ်ချက်ချုပ်လိုက်ရသည်။အခုဆိုကြာညိုကဒေါနအနားတောင်မကပ်တော့ပေ။ဒေါနခေါမှသာသွားတော့သည်။
"ဒေါက်ဒေါက်"
"ရာရာ တံခါးဖွင့်ပါအုံး ညကလဲထမင်းဆင်းမစားဘူးဆို ဘာလဲ ကိုကို့ကိုဆန္ဒပြနေတာလား တံခါးဖွင့်ပါအုံး"
ဟုတ်တယ်ရာရာကတနေ့ကဒေါနသူ့ကိုအော်လိုက်တာကြောင့်အောက်ကိုဆင်းမလာတော့ပေ။ဒါဒေါနကိုသူစိတ်ဆိုးတာပေါ့လေ။
"ရာရာ ကိုကိုပြောတာကြားတယ်မလား တံခါးဖွင့်ပါအုံး"
"ဂျလောက်"
ရာရာကတံခါးဖွင့်ပေးလာသည်။သူဘယ်လောက်စိတ်ဆိုးနိုင်မှာလဲ။ဒါကိုဒေါနသိသည်။
"ရာရာ မော့ပါအုံး ကိုကို့ကိုစိတ်ဆိုးနေတုန်းလား"
ရာရာကခေါင်းငြိမ့်ပြလေသည်။
"ဒါဆိုကိုကိုဘာလုပ်ပေးရမလဲပြော"
"ဘာမှမလုပ်ပေးပါနဲ့ ရပါတယ် ကိုကိုပြောလို့ပြီးရင်ရာရာသွားပြန်အိပ်တော့မယ်"
"ကလေးလေးကဘာကိုစိတ်ကောက်နေတာတုန်း"
ဆိုပြီးရာရာ့ကိုကလိထိုးပါတော့သည်။
"ဟားဟား ကိုကိုယားတယ် ဟားဟားတော်ပြီလို့ကိုကို "
"စိတ်ဆိုးအုံးမလား ဟမ်! "
"ဟားဟား ကိုကိုကလဲ တော်ပါတော့ ဟားဟား"
"လာ အောက်မှာရာရာကြိုက်တဲ့ပုဇွန်ထုပ်ကို ကိုကိုကြီးမေကိုဆီပြန်ချက်ခိုင်းထားတယ်"
"ဟုတ်လား ဒါဆိုသွားစားမယ်လေကိုကိုအခုသွားမယ်"
နှစ်ယောက်သားလှေကားပေါကနေဆင်းလာတော့
ကြာညိုကလှေကားကိုအ၀တ်ဖြင့်ထိုင်သုတ်နေသည်။
"ဖယ်ဉီး!"
ရာရာကပြောလိုက်တာကြောင့်ကြာညိုသည်ကဗျာကသုတ်ဖယ်ပေးရှာပါသည်။
နောက်တော့ရာရာကဒေါနလက်ကိုဆွဲကာ ထမင်းစားခန်းဆီ..
ထွက်သွားသော နှစ်ယောက်အားကြာညိုငေးကြည့်မိပါသည်။
အကိုကကျွန်တော့်ကလွဲရင် အကုန်ကြင်နာတယ်နော်..
BẠN ĐANG ĐỌC
ကြာငယ်ရဲ့ပုံပြင်
Lãng mạn"အရာရာဟာ အကိုနဲ့ပဲစတင်ခဲ့တာမို့အကိုနဲ့ပဲပြီးဆုံးချင်တယ် အကို" "ကြာညို"