ch 14

141 30 0
                                    

အခန်း ၁၄

လျန်ရှီ သည် သူ့လက်ထဲရှိ ပိုင်ဝူချန် မှတ်တမ်း ကို စဉ်းစားနေသေးသော်လည်း ယခုအချိန်တွင် သူ့အခန်းဖော်က မယုံနိုင်လောက်အောင်ပင် ဘေးမှ ဆက်တိုက် ပြောနေ၏ “တကယ်ပြောတာလား။ မြေအောက်ကမ္ဘာ က ဒီလိုပေါ့ပေါ့ လေး ပဲလား။ ဒါလေးယူလိုက် ပြီးရင် မင်းကရုတ်တရက် ပိုင်ဝူချန် ဖြစ်သွားပြီလား” သူက အသံကို တိုးလိုက်ကာ ငြီးတွားလာ၏ "ဒါဆို မင်း မဟုတ်ပဲ ငါလည်း သေမင်းမှတ်တမ်းကို ပေါ့ပေါ့ပါးပါး လေးဖမ်းမိရင်ငါလည်း သံပန်းကန်လုံး တစ်လုံးလောက်ရနိုင်မလားမသိဘူး" 

{သံဇလုံ = အခြေခံအားဖြင့် အလုပ်ထုတ်ခံရခြင်း မရှိသည့် တစ်သက်တာအတွက် အာမခံချက်ရှိသော အလုပ်တစ်ခု၊ အစိုးရအလုပ်}

လျန်ရှီ က သူ့ရဲ့ အခန်းဖော်ပုစိကို တစ်ချက်ကြည့်လိုက်ပြီး သဘာဝလွန်အရာတွေကို ကြုံလာရတဲ့အခါ သူ့လောက် ခံနိုင်ရည်ရှိပုံမပေါ်ဘူးလို့ တွေးလိုက်၏။ “မြန်မြန်အိပ်မက် ကနေ နှိုးတော့။”

စုကျောင်း: "ဟေး!"

လျန်ရှီ သည် သူ့လက်ထဲရှိ ပါးလွှာသော သေမင်းမှတ်တမ်းကို တစ်ဖန်ပြန်ကြည့်သည်။

၎င်းသည် ရိုးရှင်းသောအဖုံး သာရှိပြီး သီချင်းရေးဟန်ဖြင့် သေမင်းမှတ်တမ်းဟူသော  စာလုံးသုံးလုံးသာရှိသည် ။ 

   
စာအုပ်ကိုဖွင့်လိုက်တော့ ပထမစာမျက်နှာအနည်းငယ်သည် “သေမင်း အတွက် အကြံပြုချက်” များဖြစ်ပြီး ကျန်အားလုံးမှာ ဗလာဖြစ်နေသည်။ ပထမတစ်ချက်တွင်၊ ၎င်းသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က လူကြိုက်များခဲ့သော ဂျပန် anime တွင် သူမြင်ဖူးသည့် 'Death Note' နှင့် ခပ်ဆင်ဆင်တူသည်။ ကွာခြားချက်မှာ Death Note တွင် ၎င်းတို့၏အမည်ကို ရေးမှတ်ထားလျှင် လူတို့သည် သေရမည်ဖြစ်သော်လည်း သေမင်း မှတ်တမ်း တွင် နာမည်များကို သေပြီးနောက်တွင် သာရေးသားထားခြင်းဖြစ်သည်။

လျန်ရှီ က အမှတ်တမဲ့ လှန်ကြည့်လိုက်တော့ နောက်ဆုံးစာမျက်နှာမှာ ပုံနှိပ်ထားတဲ့ စာစုကို ရုတ်တရက် တွေ့လိုက်ရ၏ယ်။

[ရှေးခေတ်ကတည်းက မြေကြီးပေါ်မှာ မသေဖူးတဲ့နေရာဆိုတာမရှိဘူး။]

Can't save the world  by pretending to be deadWhere stories live. Discover now