ch 17

95 28 0
                                    

အခန်း 17 – လူအချို့သည် သရဲတစ္ဆေနှင့်တူကြပြီး အချို့သရဲများသည် လူနှင့်တူသည်။

"စိတ်ထိန်း မင်းသူ့ကိုမနိုင် နိုင်ဘူး!"

လျန်ရှီ ဓါတ်လှေကားမှ ဆင်းလိုက်သည်နှင့် သူ့သည် ဓာတ်လှေကားမှ ထွက်လာပြီး သူ့အိမ်နံပါတ်ကို ရှင်းရှင်းလင်းလင်းမမြင်ရသေးမီတွင် အော်ဟစ်ဆူညံသံကို ကြားလိုက်ရသည်။ အံ့အားသင့်စွာ ခေါင်းကို မြှောက်လိုက်သည် ။ စုကျောင်း သည် နောက်သို့ လှည့်ကြည့်လိုက်ပြီး ကယ်တင်ရှင်ကို မြင်လိုက်ရသလိုပင် မျက်လုံးများ ပြူးကျယ်သွားသည် ၊

"ဒီကို လာ သူတို့ကိုလာတားအုံး လျန်ရှီ!"

လျန်ရှီ: "..."

သူတို့က ရန်ပွဲလို့ ပြောကြပေမယ့် တကယ်တမ်းကျတော့ မစ္စတာ လဲ့အား တဖက်သတ် အနိုင်ယူချင် နေတဲ့ အရပ်ရှည်ရှည်နှင့် ငပိန်ခြောက်ရိုး လူငယ်လေးသာ ဖြစ်၏။ သူက ဒေါသတကြီးနှင့် လက်နှင့်ခြေတို့ကို ယက်ကန် နေကာ စုကျောင်း က သူ့ကို ရေဘဝဲတစ်ကောင်လို ဆွဲပတ်ထားပြီး ရှေ့သို့ အပြေးအလွှားသွားကာ သေဘေးမှလွတ်ရန် ကာကွယ်တားဆီးလိုက်သည်။ အနက်ရောင် ၀တ်ဆင်ထားသော မစ္စတာ လဲ့သည် သူ့အိတ်ကပ်ထဲ လက်တစ်ဖက် ကို ထည့်ထားကာ အေးဆေးစွာ ကြည့်နေ၍ လျန်ရှီ ပြန်လာသည်ကို မြင်သောအခါ မစ္စတာလဲ့သည် သူ့ကို ပေါ့ပေါ့တန်တန် ပြန်ကြည့်လိုက်သေးသည်။

အလင်းရောင်မှိန်မှိန်ရှိသော စင်္ကြံတွင် လူငယ်နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဆွဲငင်ငင်ငင် ကြည့်နေကြသည်၊

ဘာတွေဖြစ်နေတာလဲ!

လျန်ရှီ က သူတို့ဆီ လှမ်းလာပြီး "ဘာဖြစ်နေတာလဲ?"

လူငယ်က လျန်လျန်ကို လှောင်ပြောင်
"ဘာဖြစ်တာလဲ၊ မင်းမြို့ကလူတွေက မတူကြဘူးလို့ ရွာကလူတွေ ပြောတာကြားဖူးတယ်။ မင်း တစ်ယောက်ကိုတစ်ယောက် လာမလည်တတ်သလို၊ နှုတ်ဆက်စကား မပြောတတ်တာ လည်းထား‌ပါတော့။ ဒါပေမယ့် မင်းတို့ ငါ့ကိုကျိန်ဆဲနေစရာ မလိုဘူးကွ။ တစ်ယောက်နဲ့တစ်ယောက် ခုမှတွေ့တာကို မင်းရဲ့အခန်းဖော် ဟုတ်တယ်မဟုတ်လား "

Can't save the world  by pretending to be deadWhere stories live. Discover now