ch 37(part 2)

293 68 0
                                    

အခန်း ၃၇

"ICU က ဘယ်မှာလဲ “

"ခွဲစိတ်ခန်းခြောက်လွှာမှာ"

သတင်းအချက်အလက် ကောင်တာမှ သူနာပြုဆရာမလေးက ရုတ်တရက် တစ်စုံတစ်ယောက်မေးသည်ကို ကြားလိုက်သောအခါတွင် ဖိုင်တွဲများကို စီနေလေသည်။ သူမ မသိစိတ်ဖြင့် ပြန်ဖြေသော်လည်း မျှော်ကြည့်လိုက်တော့ ဘယ်သူမှ မတွေ့ တော့ပေ။ သူနာပြုဆရာမလေးက “လူက ဘယ်မှာလဲ…”

လျန်ရှီက တကယ်ကို ထိတ်လန့်သွားသည်။

အချိန်မဖြုန်းဘဲ ခွဲစိတ်ခန်းထဲသို့သာ တန်းတန်းမတ်မတ်ပြေးသွားခဲ့ လေသည်။

ဆေးရုံများ၌ အတွေ့အကြုံရှိသူတိုင်း သိကြသည့်က ဆေးရုံဓာတ်လှေကားများမှာ အခြားနေရာများထက် အမြဲနှေးကွေးနေပါသည်။

ပထမအချက် ဆေးရုံမှာ လူအရမ်းများနေ၏။ နေ့စဉ်နှင့်အမျှ တက်လိုက်ဆင်းလိုက် လူနာများနှင့် မိသားစုဝင်များသည် အထပ်တိုင်းရှိ ဓာတ်လှေကားထဲသို့ အမြဲလိုလို ကြိတ်ကြိတ်တိုး ရှိနေကြသည်။ နောက်တစ်ချက်ကတော့ ဘီးတပ်ကုလားထိုင်တွေ၊ ထမ်းစင်ကုတင်တွေနဲ့ တခြားလူနာတွေကို ဓာတ်လှေကားထဲကို တွန်းတွန်းနေတဲ့ လူတွေနဲ့ သူနာပြုတွေက မကြာခဏဆိုသလိုပဲ အရှိန်က ပိုနှေးသွားမှာ အသေချာ။

ဒီတစ်ကြိမ်မှာတော့ လျန်ရှီ  ကံမကောင်းခဲ့တာ ထင်ရှားလှသည်။ ခွဲစိတ်ခန်း၏ ပထမထပ်သို့ ရောက်သည်နှင့် ဓာတ်လှေကားတိုင်းဟာ ပဉ္စမထပ်အထက်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့ကိုပြန်ဆင်းဖို့ အချိန်တော်တော်ယူရလိမ့်မယ်ပင်။

သူ့မှာ အချိန်မရှိတော့ဘူး။
လျန်ရှီ လှေကားထစ်ဆီသို့သာ ပြေးတက်သွားလိုက်လေသည်။

       
ပြင်ပလူနာခန်းမ၏ ပထမထပ်မှ ခွဲစိတ်ခန်းခြောက်ထပ်သို့ ပြေးလာလိုက်ရာ နှစ်မိနစ် တောင်မပြည့် ခင် ရောက်သွားလေ၏။ သူ မောဟိုက်နေရင်း သူနာပြု၏ စားပွဲဆီသို့ ပြေးသွားသည်- "ဝမ်ကျစ်ဟောင်က ဘယ်မှာလဲ၊

တာဝန်ကျ သူနာပြုဆရာမလေးသည် ခဏရပ်ပြီး သူ့ကို မော့ကြည့်ကာ “ရှင်က?”

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now