ch 44

71 20 0
                                    

အခန်း ၄၄

အမှောင်ထုထဲတွင် လျန်ရှီ နှင့် လဲ့ချန် တို့ အသံထွက်လာသည့်နေရာကို လိုက်ရှာကြသည်။

ဤမှောင်မိုက်သောနေရာမှာ အဆုံးမရှိသော ကျယ်ပြန့်ပုံရသည်။ တိုးတိုးလေး ငိုနေတဲ့ အမျိုးသမီးဆီသို့ လျန်ရှီ နဲ့ လဲ့ချန် တို့ဟာ သူမရဲ့ အနီးနားကို မရောက်ခင် ဆယ်မိနစ်အထိ လမ်းလျှောက်ခဲ့ရသည်။ နှစ်ယောက်သားရဲ့ ခြေသံကို ကြားလိုက်ရာ ငိုရှိုက်နေသည့် အမျိုးသမီး အသံက ရုတ်တရက် ရပ်တန့်သွားသည်။

တစ်ဖက်လူကို မမြင်ရသော်လည်း လျန်ရှီက အမျိုးသမီးအသံမှာ သူမ၏ပတ်ဝန်းကျင်ကို သတိထားနေနိုင်သည်ဟု ခန့်မှန်းနိုင်သည်။

ဒါပေမယ့်……

လျန်ရှီ ၏နှာခေါင်းကို အနည်းငယ်လှုပ်ယမ်းကာ လေထဲတွင် အနံ့ကို ရှူရှိုက်ရင်း "ဟူရှောင်လိ?"

"???"

"ဝူရှီရဲ့ ဟေးဝူချန်?"

"နင်ကဘယ်သူလဲ!"

လျန်ရှီ သက်ပြင်းတစ်ချက်ချကာ "ငါတို့က စုကျိုးမြို့ရဲ့ တစ္ဆေအရာရှ်ိတွေပါ။ မင်းပျောက်နေလို့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် ထန်ကျစ် က   ငါတို့ကို အကူအညီတောင်းလို့ မင်းကိုရှာဖို့ အတူတူလာခဲ့တာ"

ထန်ကျစ် ဆိုတဲ့ နာမည်ကိုကြားတော့ မြေခွေးလေးဟာ လုံးဝစိတ်သက်သာရာ ရသွားသည်။ ဦးခေါင်းထိပ်ရှိ မြေခွေးနားရွက်တစ်စုံမှာ တိရိစ္ဆာန်များရဲ့ အကြားအာရုံကဲ့သို့ လူသားများထက် များစွာသာလွန်ကြောင်း သိသာထင်ရှားလှ၏။

"ရှင်တို့ ဆယ်မီတာလောက် လျှောက်လာလိုက်"

လျန်ရှီ သူမရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ဆယ်မီတာခန့် ရှေ့သို့ လျှောက်သွားလိုက်သည်။

နောက်အခိုက်အတန့်တွင် လက်ကလေးတစ်ခုက လျန်ရှီ ၏ပခုံးကို ပုတ်လိုက်သည်။ လျန်ရှီကို မမြင်နိုင်ဘဲ ခေါင်းကို လှန်ပြီး မတုံ့ပြန်နိုင်ခင်မှာ ဟူရှောင်လိ ရဲ့ အသံကို ကြားလိုက်ရ၏
"ငါ ဒီကို လာကယ်ဖို့  ထန်ကျစ် က ခေါ်လာတာလား။ ထန်ကျစ်က က တကယ့်ကို ယောက်ျားကောင်းတစ်ယောက်ပဲ။ကျွေးမွေးထားတာ အလကားမဖြစ်ပါလား။"

Can't save the world  by pretending to be deadWhere stories live. Discover now