ch 18(part 1)

107 31 0
                                    

Chapter 18
ညနေခင်းမှာတော့ အိမ်ပွဲစား ရှောင်လျိုဟာ သော့တစ်ချောင်းနှင့် စာချုပ်ကို ကိုင်ဆောင်လျက်ရောက်လာ၏။
ဆံပင်တိုတို သပ်သပ်ရပ်ရပ်နှင့်ရှောင်လျိုဟာ လက်ဗလာ မလာခဲ့ဘဲ သစ်သီး ခြင်းတောင်း တစ်ခုကိုလည်း ယူလာခဲ့သည်။ . သူတံခါးဖွင့်လိုက်သောအခါရှောင်လျိုက အပြုံး လေးဖြင့် : “မစ္စတာ လျန်, မစ္စတာစု, မတွေ့ရတာ ကြာပြီနော်.ကျွန်မ အောက်ထက်က ပန်းသီးနဲ့ ဖရဲသီးနဲ့ ဝယ်ခဲ့ သေးတယ်.စားကြပါအုံး!”

   
လျန်ရှီလည်းယဉ်ကျေး မနေတော့ဘဲ အသီးခြင်းတောင်းကို ယူလိုက်၏။စုကျောင်းက မီးဖိုချောင်သို့ အပြေးအလွှားသွားကာ ကောင်မလေးအတွက် ရေဘူးတစ်ဘူး ယူလာပေးခဲ့သည်။

 
လျန်ရှီ: “Sorry၊မင်းကို အလုပ်များစေခဲ့ပြီ.”

   
ရှောင်လျို: “ဒီတစ်ခါ ကျွန်မကသာ ကျေးဇူးတင်ရမှာပါ ကျွန်မအတွက်လည်းအလုပ်ဖြစ်တာ ပေါ့၊ဒီလအတွင်းမှာ စာချုပ် ဆယ်ခုလောက် ချုပ်နိုင်ခဲ့တယ်လေ နှစ်ခု ကတော့ ရှင်တို့ ကျေးဇူးကြောင့်ပေါ့! အိမ်ရှင်ကအခု မြို့ပြင်မှာမို့ သော့တွေက ကျွန်မဆီ ရောက်နေတာ။အိမ်ရှင်အစား လက်မှတ်ကူ ထိုးပေးရမှာလေ ၊ဒါနဲ့ အခန်းငှားချင်တာက ဘယ်သူလဲမသိဘူး?”

သူမပြောလိုက်ပြီးနောက် ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်၏။
တိုက်ဆိုင်စွာဖြင့် လဲ့ချန်သည်လည်း အခန်းထဲမှ ထွက်လာသည်။

    လျန်ရှီက ပြုံးလျက် “အဲ့ဒါ သူပဲ.”

   
အနောက်ရှိ ချောမောလှပပြီး အေးစက်သော လူငယ်လေးကို ကြည့်နေလျက် , ရှောင်လျို၏ မျက်လုံးများဟာ တောက်ပလာပြီး သူ၏ မျက်လုံးထောင့်များတွင် နီရဲလာ၏။. သူမ တုံဆိုင်းသွား ပြီးနောက် ခေါင်းညိတ်ပြလိုက်ကာ အိတ်ထဲမှ စာချုပ်ကို အမြန်ထုတ်ပေးလာသည်။

   
ထိုအရာ မြင်၍, စုကျောင်းက လျန်ရှီ၏ လက်မောင်းကို တို့လိုက်ကာ တိုးတိုးလေးပြောလာသည်, “သူက ဒီလိုပုံစံမျိုးကို ကြိုက်တာများလား?”

   
“…” လျန်ရှီ ဘာပြန်ပြောရမလဲမသိတော့

    .
အရပ်ပုပု အခန်းဖော်ဟာ နှာမှုတ်လိုက်ကာ ခံပြင်းသည့်ပုံဖြင့်: “ငါကရော မချောလို့လား? ငါက သူ့အကြိုက်မဟုတ်လို့ ထားလိုက်ပါတော့ မင်းကရော မချောဘူးလား? သူ့ကျ ဘာလို့ သဘောကျနေတာတုန်း?” ငါတို့နှစ်ယောက်နဲ့ စာချုပ်ချုပ်တုန်းက အခုလို ရှက်သွေးမဖြာ ဘူးပါဘူး!"

Can't save the world  by pretending to be deadWhere stories live. Discover now