ch 42

72 18 0
                                    

အခန်း ၄၂

       
နံနက်စောစောတွင် ဝူရှီ ၏ တစ္ဆေအရာရှိငယ်လေးက အမြန်ရထားကိုစီးကာ စုကျိုးမြို့ သို့ တစ်ညတာ အမြန်ပြေးခဲ့သည်။

       
လျန်ရှီ ကားငှားပြီးတာနဲ့ သူ့ကို ရထားဘူတာမှာ ခေါ်သွားလိုက်လေသည်။ စကားတစ်ခွန်းမှ မပြော တော့ဘဲ သူတို့ သုံးယောက်က ကျင်းဟွာဟိန်သျန် အမြန်လမ်းပေါ် တက်လာခဲ့ကြသည်။

       
ကားက အဝေးပြေးလမ်းမကြီးပေါ်သို့ မှန်မှန်မောင်းနှင်လာသည်နှင့်အမျှ လျန်ရှီက

“ဘာတွေဖြစ်နေတာလဲ” ဟု အချိန်ယူ၍ မေးလေသည်။

       
တစ်ညလုံး အိပ်မပျော်တာကြောင့် ထန်ကျစ် ရဲ့ မျက်လုံးမှာ အနက်ရောင် စက်ဝိုင်းကြီးတွေ ရှိနေခဲ့လျက် သူက ခပ်တည်တည်နဲ့ပြောလာရာ “တကယ်တော့ မနေ့က တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဝူရှီ ရဲ့ ဟေးဝူချန် က တကယ်တော့ နှစ် 100 ကျော် ရှိတဲ့ မြေခွေးနတ်ဆိုးပဲ။ သူ့နာမည်က ဟူရှောင်လိ ။ လူသား ID ပေါ်က နာမည်ကတော့ ဟူ  ရှောင်လိ ။

  လွန်ခဲ့သောနှစ်တစ်ရာက သူက တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်မှာပဲ ဟေးဝူချန် ဖြစ်လာခဲ့ပေမယ့် သူရဲ့ မှော်အစွမ်းက သိပ်မမြင့်ဘူး။ သူက အမြဲတမ်း ပေါ့ပေါ့ပါးပါး လူစားမျိုး။”

       
ထန်ကျစ် သူ၏ ပျောက်ဆုံးနေသော လုပ်ဖော်ကိုင်ဖက်ကို တွေးသောအခါတွင် သူ၏ မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာကို ပြသနေခဲ့ကာ
သူ တကယ်ကို စိတ်ပူနေခဲ့တာ ဖြစ်နိုင်သည်။

       
နှစ်ပေါင်းတစ်ရာကျော် သတ်တမ်းရှိထားတဲ့ မြေခွေးနတ်ဆိုးဟာ အလွန်အစွမ်းထက်မှာပင်။ သို့သော် တကယ်တမ်းတွင်၊ ဟူရှောင်လိရဲ့ စွမ်းအားများက ကြွားရန်အတွက် အသေးစားလှည့်ကွက်များသာဖြစ်ကြောင်း သူသိသည်။

       
" ဟူရှောင်လိက မတော်တဆ ဟေးဝူချန် ဖြစ်လာခဲ့တာ ။ သူက လူသားအသွင်သဏ္ဍာန်အဖြစ် ကိုပြောင်းလဲပြီး လူ့လောကထဲကို1915 ခုနှစ်မှာ ရောက်လာခဲ့တယ်။ သူက တောင်ပေါ်မှဆင်းလာပြီး  နာမည်ကြီး ငါးရှဉ့်ဟင်း ရောင်းတဲ့ တကယ်နာမည်ကြီး စားသောက်ဆိုင်တစ်ခုကို  ငါးရှဉ့်ဟင်းမြည်းဖို့ သွားခဲ့တာ။ လုပ်ကြံသတ်ဖြတ်သူတစ်စုရဲ့ အနောက်က လိုက်လံ ဖမ်းဆီးတာကို ခံနေရတဲ့  လောင်ရှစ်နဲ့ တွေ့သွားခဲ့မှာကို ဘယ်သူက သိမလဲ ။ ဟူရှောင်လိက သူ့အသက်ကို ကယ်လိုက်တယ်။ အဲ့လောင်ရှစ်က အဲ့အချိန်က ဒေသခံ ဟေးဝူချန်ပဲ။

Can't save the world  by pretending to be deadWhere stories live. Discover now