ch 48

65 15 0
                                    

အခန်း ၄၈

       
အခန်းထဲပြန်သွားရာလမ်းတွင် မြေခွေးငယ်လေးက သူ့ရဲ့ မမြင်နိုင်သောအမြီးအား လှုပ်ယမ်းကာ ခေါင်းယမ်းလျက် ပြောလာသည်

  "တကယ်တော့ အဲ့ အမျိုးသမီး နောက်ဘဝတွေမှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်မလားဆိုတာ သိနိုင်ဖို့က အရမ်းရိုးရှင်းတယ်။ စုကျိုးမြို့ရဲ့ ပိုင်ဝူချန်လေး ကျေးဇူးပြုပြီး  မင်းရဲ့သေမင်း မှတ်တမ်း ကတ်ကို ကြည့်လိုက်ပါလား။"

လျန်ရှီ က အံ့သြတကြီး မေးသည် " သေမင်း မှတ်တမ်း ?"

- "ဟုတ်တယ်၊  ဒီအမျိုးသမီးတစ္ဆေကို လူပြန်ဝင်စားဖို့ မင်းကစေလွှတ်ခဲ့တာလေ၊ ဒါကြောင့် စုကျိုးမြို့ ပိုင်ဝူချန်ရဲ့ စွမ်းဆောင်မှုမှာ ထည့်သွင်းရေတွက်ရမှာ။ဒီလရဲ့  စွမ်းဆောင်ရည်က  ဘယ်လောက် တိုးတက်သွားပြီလဲ၊ ဟုတ်သား၊ ဒီအမျိုးသမီတစ္ဆေကို မတိုင်ခင် ဘယ်လောက်အထိ ပို့ပေးခဲ့တာကိုလည်း မှတ်မိသေးလား။ "

"၅၂၁၃၂ မှတ်။"

ဟူရှောင်လိ က ခဏလောက် အံ့အားသင့်သွားပြီး "အမှတ် ရှင်းရှင်းလင်းလင်း မှတ်မိတယ် ပေါ့"

လျန်ရှီ သေမင်း မှတ်တမ်း ကိုဖွင့်ပြီး လအတွက် တစ္ဆေအရာရှိ စွမ်းဆောင်ရည် အဆင့်များကို စာရင်းသွင်းထားတဲ့ စာမျက်နှာသို့ လှည့်ကြည့်လိုက်သည်။

  "စုကျိုးမြို့ " ဟူသော နာမည်နောက်ကွယ်ရှိ စွမ်းဆောင်ရည်အမှတ်များကို မြင်လိုက်ရသောအခါ ရုတ်တရက် အေးခဲသွားပြီး ခေါင်းကို မော့ကာ အံ့အားသင့်သွားလျက်

"အမှတ် 6,500 ကျော်တောင်လား?"

ဟမ်? လဲ့ချန်လည်း မျက်ခုံးပင့်လိုက်ပြီးသေမင်းမှတ်တမ်းကို လှမ်းကာကြည့်ရာ "6583 မှတ်" မြင်လိုက်ရသည်။

ဟုတ်ပါတယ်၊ အဖြူအမည်းနဲ့ရေးထားတဲ့ လျန်ရှီရဲ့ သေမင်း မှတ်တမ်းတွင် "6583 မှတ်" ပိုလာတာကိုတွေ့လိုက်ရတယ်။

ပထမနေရာမှာ  58,715 မှတ်ဖြင့် စုကျိုးမြို့ ကျောင်းစု ပြည်နယ်။

လျန်ရှီက ဟူရှောင်လိရဲ့ စကား၏ အဓိပ္ပါယ်ကို လျင်မြန်စွာ သဘောပေါက်လိုက်သည် ၊

Can't save the world  by pretending to be deadWhere stories live. Discover now