ch 53 (part 1)

58 15 0
                                    

ရှေးခေတ် ညကင်းစောင့်ဝတ်စုံနှင့်လူဟာစကားပြောပြီးသည်နဲ့ သူ့လက်က မောင်းကိုတီးလိုက်လေတယ်။       

ကြည်လင်ပြတ်သားသော မောင်းသံက ထွက်ပေါ်လာပြီး အနက်ရောင် ယင်ချီ ဓာတ်ဟာ အားပြင်းစွာဖြင့်ရောက်ရှိလာသည်။ညကင်းစောင့်အား ထို ယင်ချီဓာတ်က ဝါးမျိုသွားကာ မျက်စိ တစ်မှိတ်အတွင်းမှာပဲ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားလေ၏။
        
လျန်ရှီနှင့် လဲ့ချန်တို့ မျက်လုံးများကို မှေးထားပြီး ပတ်ဝန်းကျင်ကို သတိထားကြည့်နေခဲ့ကြသည်။

ဤကင်းစောင့်မှာ အလွန်အစွမ်းထက်လှသည်၊ အနက်ရောင်သွားများရှိသော ထိုလူအိုကြီးထက် နည်းနိုင်မည်မဟုတ်ပေ !

အနက်ရောင်သွားများရှိသည့် လူအိုကြီးနှင့် နှိုင်းယှဉ်ပါက သူရဲ့တိုက်ခိုက်ရေးနည်းလမ်းက ပိုထူးဆန်းလှသည်။ ယင်စွမ်းအင်က နေရာတိုင်းတွင် စိမ့်ဝင်နေပြီး ယင်စွမ်းအင်ရှိသည့်နေရာတိုင်းတွင် ကင်းစောင့်က ပေါ်လာမည်ဖြစ်သည်။ လျန်ရှီ သူ့ဘယ်ဘက်နားနားတွင် လေပြင်းတစ်ချက်ကို ရုတ်တရက်ကြားလိုက်ရပြီး သူ့နှလုံးများ တင်းကျပ်လာကာ ခေါင်းကို အမြန်ငုံ့လိုက်သည်။ အရာသေးသေးလေးတစ်ခု သူ့နားရွက်လေးမှ ဖြတ်ပြေးသွားကာ သူ့ဆံပင်ကြားထဲတွင် လေလမ်းကြောင်းတစ်ခု ထွက်လာသည်။

ဗုန်း, ဗုန်း, ဗုန်း!

ကင်းစောင့်က မောင်းတီး၍ ယင်ချီရှိတဲ့ နေရာတိုင်းတွင် အဆက်မပြတ် ပေါ်လာသည်ကို တွေ့ရခဲ့သည်။

လျန်ရှီ နဲ့ လဲ့ချန် တို့ဟာ ဒီလိုထူးဆန်းတဲ့စွမ်းရည်မျိုးကို တစ်ခါမှမမြင်ဖူးကြတဲ့အတွက် ရှောင်တိမ်း၍ပဲနေနိုင်တာမို့ အတော်လေးရှက်စရာကောင်းလှ၏။

"ကောင်းကင်က ခြောက်သွေ့ နေပြီ၊ မီး သတိပြုပါ။"

ခက်ထန်ကြမ်းတမ်းသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာပြီးနောက် လရောင်ကို ရောင်ပြန်ဟပ်နေသည့် မောင်းသံတစ်ခု ထွက်ပေါ်လာပြန်သည်။ လဲ့ချန်က ထိုးနှက်ခြင်းကို ရှောင်ရှားရန် ခေါင်းငုံ့ထားကာ အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ယင်ချီသည် မောင်းသံနှင့်အတူ ပါလာပြီး လဲ့ချန်နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်ခဲ့ရသည်။ ဒီ ယင်ချီ နဲ့ ထိရင် ဘာဖြစ်မယ်မှန်း မသိပေမယ့် ကောင်းတာတော့ မဖြစ်နိုင်ချေ။

Can't save the world  by pretending to be deadWhere stories live. Discover now