ch 54

68 17 0
                                    

အခန်း ၅၄

       
လျန်ရှီ ဟိုးအရင်ကတည်းက သူ့လုပ်ဖော်ကိုင်ဖက်ကတကယ့်ကို အားကောင်းလွန်းသလားဟု စဉ်းစားနေခဲ့သည်။

မရဏနိုင်ငံမှ တာဝန်ပေးအပ်ထားသော တစ္ဆေအရာရှိများက အခြေခံအားဖြင့် သရဲတစ္ဆေများဖြစ်ကြောင်း တစ်ချိန်က စုကျောင်း ပြောခဲ့ဖူးသည်။ ၎င်းတို့က အခြားသာမန်တစ္ဆေများနှင့် အနည်းငယ်ကွာခြားကြပြီး ၎င်းတို့မှာ သူတို့၏သက်တမ်းတစ်လျှောက်တွင် ကုသိုလ်ကောင်းမှုအချို့ရှိနိုင်တာ သို့မဟုတ် ၎င်းတို့က သဘာဝအတိုင်း အားကောင်းနေနိုင်သောကြောင့် ၎င်းတို့အား မြေအောက်ကမ္ဘာကို ကူညီရန်နှင့် နောက်ဘဝ ၌လူဝင်စားရန်အတွက် အောင်မြင်မှုများစုဆောင်းရန် တစ္ဆေအရာရှိများအဖြစ် စေလွှတ်ခြင်းခံရသည်။

ဤထုတ်ပြန်ချက်အရ၊ မရဏနိုင်ငံမှ ခန့်အပ်ခံရသော ဤတစ္ဆေအရာရှိများက စွမ်းအားအချို့ရှိသင့်သော်လည်း ၎င်းတို့သည် အလွန်ထက်မြက်ခြင်းမရှိသင့်ပေ။ သူက တကယ် သန်မာတာမို့ မရဏနိုင်ငံတော်မှာ ပဲ ကူညီ အလုပ်လုပ်ရမည့် ပင်။ သို့သော် ထို့အစား သက်ရှိလောကသို့ ရောက်လာခဲ့သည်ပင်။ပြောရရင် ရှေးခေတ်က ပြည်နှင်ဒဏ်ခံရသလိုပါပဲ။ မြေအောက်ကမ္ဘာမှာ နဂါးများနှင့် ကျားများ ရှိနေသည့် မြို့တော်ဖြစ်ပြီး အမှန်တကယ် သြဇာကြီးသော အရာရှိများ အားလုံးမှာ မြို့တော်ကြီးဖြစ်ပြီး  သက်ရှိလောကမှာ ရဏနိုင်ငံနဲ့ ယှဉ်လျှင် ဝေးလံခေါင်သီသော ကျေးလက်ဒေသဖြစ်တာမို့ အရာရှိများအဖြစ် အမှုထမ်းရန် လာရောက်ကြသူများမှာ အာဏာမဲ့ သို့မဟုတ် ပြည်နှင်ဒဏ်ခံရခြင်းပင် ဖြစ်သည်။

ဥက္ကဌလဲ့ ရဲ့ ခွန်အားဟာ အမှောင်ညက ပိုးစုန်းကြူးတစ်ကောင်ကဲ့သို့ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ဖုံးကွယ်ထားပါစေ သူ့ရဲ့ ထူးခြားတဲ့ အလင်းရောင်ကို အမြဲတမ်း ထွန်းလက် နိုင်သည်ပင်။

ဥပမာအားဖြင့်၊ သူက ဝူရှီရဲ့ ပိုင်ဝူချန် ထန်ကျစ် နှင့် ရန်ဖြစ်ခဲ့သော်လည်း ဥက္ကဌလဲ့က ထန်ကျစ် ကို ရှောင်တခင် အနိုင်ယူခဲ့သည်။

နောက်ထပ်ဥပမာတစ်ခုကတော့  ထိုထက် ပိုလို့တောင် စွမ်းအားကြီးတဲ့ သွားတွေမည်းနေတဲ့ လူအိုကြီးနဲ့ ရန်ဖြစ်တော့လည်း သူပဲ အနိုင်ရလာခဲ့၏။

Can't save the world  by pretending to be deadWhere stories live. Discover now