ch 45

273 62 0
                                    

အခန်း ၄၅

အတွင်းခန်းမှာ လူတွေရှိတယ်!

လျန်ရှီပြောပြီးနောက် လဲ့ချန် နှင့် ဟူရှောင်လိတို့ နှစ်ယောက်လုံး အခန်းတွင်းသို့ ကြည့်လာကြသည်။

သွေးများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဆံပင်ရှည်ရှည် အမျိုးသမီးသည် အတွင်းခန်းတံခါးကို စိုက်ကြည့်ရင်း ပြင်းထန်စွာ နာကျင်နေသော်လည်း သူမမှာ အဝေးကို အကြည့်မလွှဲနိုဂ်တော့ပေ။ သူ့အောက်ရှိ သွေးများက မြေပြင်ရှိ လျှိုမြောင်များတစ်လျှောက် ဖြည်းညှင်းစွာ စီးကျလာပြီး မြေဆီလွှာမှာ ချက်ချင်း မည်းညစ်သွားခဲ့သည်။

လျန်ရှီ ပြောပြီးသည်နှင့် လဲ့ချန်က သူ၏ညာလက်ကို မြေကြီးပေါ်တင်ကာ မြေအောက်ခန်းမှ ထွက်ရန်ကြိုးစားလိုက်သည်။ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီးအလင်းတန်းမှာ မမြင်နိုင်သော နံရံတစ်ခုရှေ့တွင် ရပ်တန့်သွားခဲ့သည်။

ဟူရှောင်လိ - "ဒါက အသုံးမဝင်ပါဘူး၊ ငါတို့ အပြင်ကို ထွက်လို့မရဘူး။ ငါ အကြိမ်ကြိမ် ကြိုးစားပြီးပြီ။ ငါတို့ ဒီမှာ ဘယ်သူနဲ့မှ မဆုံနိုင်သလို ဒီမြေအောက်ခန်းက လည်း ထွက်သွားလို့မရဘူး။"

ပတ်ဝန်းကျင်က အလင်းရောင်က တဖြည်းဖြည်းမှိန်သွားပြီး လျန်ရှီ "ဘာဖြစ်နေတာလဲ?"

ဟူရှောင်လိက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးကို လှည့်ကြည့်ကာ ငြိမ်သက်စွာ ပြောခဲ့သည်

   "သူသေတော့မှာမို့လို့အရာအားလုံးက အမှောင်ထဲ ပြန်ရောက်သွားမှာ။ သူကြောင့်ပဲ ဒီထင်ယောင်ထင်မှားဖြစ်စေတဲ့ ဖန်တီးမှုက ဖြစ်ပေါ်လာတာ အခုသူသေတော့မှာမို့၊  အဆုံးသတ်ဖို့အချိန်တန်ပြီ။"

အမျိုးသမီး၏ ပြူးကျယ်သော မျက်လုံးများက အတွင်းခန်းကို မလှုပ်မယှက် စိုက်ကြည့်နေကြဆဲဖြစ်သော်လည်း သူမ၏ မျက်လုံးများက ဆက်လက် ကျယ်လာခဲ့သည်။

တစ်ဖန် ညမိုးချုပ်လာသကဲ့သို့၊ အမှောင်ထုက ကမ္ဘာကြီးကို လွှမ်းမိုးလာသည်။ အလင်းရောင်က တဖြည်းဖြည်းမှိန်လာပြီး အရာအားလုံး မှုန်ဝါးလာခဲ့သည်။ အရာအားလုံး ပြိုကွဲပြီးနောက် သူတို့မျက်လုံးတွေရှေ့မှာ အရည်ပျော်သွားတဲ့အခါ လူသုံးယောက်ရဲ့ရှေ့က အလင်းတန်းတွေမှာ ချက်ချင်း လွင့်ထွက်သွားလေ၏။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now