ch 51

61 18 0
                                    

အခန်း ၅၁

Mr.လဲ့ ကို ထူးဆန်းစွာ အကြိမ်ပေါင်းများစွာ ကြည့်ပြီး နောက် ဒေါက်တာ ဝမ် က လျန်ရှီ ကို ကြည့်ကာ " မင်းရဲ့ ဆွေမျိုးသားချင်းက အသည်းကင်ဆာ ဖြစ်နေတာဆို။"

လျန်ရှီ: "ဟုတ်တယ်။"

ဦးလေးလီကို အပေါ်အောက် ငုံ့ကြည့်ရင်း ဒေါက်တာဝမ်က မျက်မှောင်ကြုတ်ကာ “ကင်ဆာရောဂါကုဌာနကို အရင်သွားရအောင်၊ အဲဒါ ဒုတိယထပ်မှာ” ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

  အားလုံးအတူတကွ ဒုတိယထပ်ကို လျှောက်သွားတဲ့အခါ လျန်ရှီ ဆီကို လှမ်းသွားပြီး
“အသည်းကင်ဆာက နောက်ဆုံးအဆင့်မှာ မရှိ သေးသရွေ့ ပုံမှန်အားဖြင့်တော့အသက် ရှင်နိုင်ယတယ်။ ဒါပေမယ့် ဒီရောဂါက ချမ်းသာတဲ့ရောဂါလို့ ယူဆလို့ရတယ်။ ပိုက်ဆံများများရှိလေလေ၊ အသက်ရှည်လေလေ ပဲ။”

အသက်ကိုရှည်စေဖို့ ပိုက်ဆံသုံးဖို့ လိုတယ်လို့ ဆိုလိုတာပင်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် လျန်ရှီ က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်၊ ငါနားလည်ပြီ"

ဆေးရုံမှာအလုပ်လုပ်နေတဲ့ ဆရာဝန်သူငယ်ချင်းတစ်ယောက်ရှိလို့ ‌ကင်ဆာဆရာဝန်နဲ့တွေ့ဖို့က ပိုလွယ်ကူသွားခဲ့လေသည်။

မနက် 10:30 တွင် ဦးလေး လီ စမ်းသပ်မှုရလဒ်ကိုရရှိပြီး အဆိုပါလုပ်ငန်းတွင် လူသိများသော ကျွမ်းကျင်ပညာရှင်မှ ပေးသောထုတ်ပြန်ချက်က ဝမ်ကျစ်ဟောင် ၏ ပြောကြားချက်နှင့် ဆင်တူလှသည်။

အစပျိုးတာမဟုတ်တဲ့ အသည်းကင်ဆာက ချမ်းသာကြွယ်ဝမှ ကုနိုင်သော ရောဂါတစ်ခုသာ။

ဦးလေးလီရဲ့ ရောဂါရှိသော အစိတ်အပိုင်းကို ဖယ်ရှားရန် တိုက်ရိုက်ခွဲစိတ်မှု ပြုလုပ်ဖို့ အကြံပြုထားသော်လည်း ခွဲစိတ်မှု၏ အောင်မြင်မှုနှုန်းမှာ 90% အထိ မြင့်မားနေပြီး ခွဲစိတ်ပြီးနောက် ငါးနှစ်ကြာ ရှင်သန်နှုန်းမှာလည်း 90% အထိ မြင့်မားနေလျက်ရှိသည်။ တစ်နည်းဆိုရသော် ခွဲစိတ်မှုအောင်မြင်ပြီးနောက် အနည်းဆုံးလူ 90% မှာ ငါးနှစ်ထက်ပို၍ အသက်ရှင်နေနိုင်သည်ပင်။ ငါးနှစ်ကြာပြီးနောက်၊ရလဒ်မှာ လူနာရဲ့ကိုယ်ပိုင်နေထိုင်မှုပတ်ဝန်းကျင်ပေါ်တွင်လည်းမူတည်လှသည်။ ကောင်းမွန်ပြီး ကျန်းမာသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထိန်းသိမ်းထားကာ ဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် ဆေးကိုပဲ အသုံးပြုနိုင်မည်သာ။

Can't save the world  by pretending to be deadWhere stories live. Discover now