အပိုင်း 5 (Z+U)

677 34 2
                                    

ဗိုလ်လုပွဲနေ့......

ဘောလုံးကွင်းတစ်ကွင်းလုံး လူတြွေပည့်လို့ ခါတိုင်းဘောလုံးပွဲ မကြည့်တဲ့သူများပင် ဗိုလ်လုပွဲနေ့ကြောင့် လာကြည့်ကြသည်
ကစားမယ့်အသင်းများဖြစ်သည့် အဝါသင်းနဲ့ အပြာသင်း 2သင်းစလုံးကလည်း တက်တက်ကြွကြွ

"ကိုရှိုင်း ဝင်မကန်ပါနဲ့လား"
မနေ့ကတည်းကနေ အခုချိန်ထိ အနားကနေဗျစ်တောက်ဗျစ်တောက် လိုက်ပြောနေသည့် သူရိန်ကြောင့် ရှိုင်း စိတ်တိုလာပြီ.....

"ဘာဖြစ်နေတာလဲ သူရိန်
ငါကဘာလို့ ဝင်မကန်ရမှာလဲ"

"ဒီတိုင်း ဝင်မကန်နဲ့ဆို မကန်နဲ့ပေါ့....နော်"
ဗိုလ်လုပွဲဖြစ်တာကြောင့် ကွင်းထဲမှာ ဘယ်သူကမှ ညာညာတာတာ ကစားမှာမဟုတ်ဘူး
ကိုယ့်အသင်းအနိုင်ရဖို့ပဲ အာရုံရောက်နေကြမှာ
မတော်လို့ အကို ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ
အကိုက နူးနူးညံ့ညံ့လေး
ဒါမယ့် ခေါင်းမာလွန်းတဲ့ အကိုက ပြောစကားကိုနားမထောင်...

" ငါကဒီပွဲမှာ ဝင်ကန်ဖို့ အရည်အချင်းမရှိဘူးပေါ့"

"အဲ့လိုမဟုတ်ဘူးလေ ဟို......ကျွန်တော်ပြောချင်တာက"

"ငါသိပြီ ဝင်မကန်နဲ့ဆိုလည်းမကန်ဘူးကွာ
ကျေနပ်ပြီလား"

သူပြောချင်ရာတွေ ပြောပြီးချာခနဲလှည့်ထွက်သွားတဲ့ ရှိုင်းရဲ့ကျောပြင်လေးကို သူရိန် တွေတွေလေးငေးကြည့်ရင်း
တစ်ခါမှစိတ်မဆိုးဘူးသော အကိုက အခုသူရိန့်ကို စိတ်ဆိုးသွားတယ်တဲ့လေ....
ကျွန်တော့်ရင်ဘက်တွေ အောင့်လိုက်တာအကိုရာ
ကျွန်တော်က အကို့ကို စိတ်ပူလို့ပါဗျ......
ဒါမယ့် အကိုမကန်ဘူးဆိုလို့
အကိုစိတ်ဆိုးတာခံရလည်း ကျွန်တော်ကျေနပ်ပါတယ်
အကို ဘာမှမဖြစ်ရင်ပဲရပြီ.....

"ဟေ့ ရှိုင်းထက် မင့်ကဘာလို့ဝင်မကန်တာလဲ"

"ငါပါရင် ရှုံးမှာစိုးနေတဲ့ တစ်ယောက်က ဝင်မကန်ဖို့ ခဏခဏပြောနေလို့ဟေ့"

"ဘယ်သူလဲဟ"

နေသစ်မေးတာကို မဖြေချင်လို့ ရှိုင်း ရှေ့ကဘောလုံးကန်နေကြတဲ့ဆီ အကြည့်ပို့လိုက်သည်
အခုချိန်မှာ သူ့ရိန်ဆိုတဲ့ နာမည်ကို ကြားလည်းမကြားချင်ဘူးပြောလည်းမပြောချင်ဘူး
သူ ရှိုင်းကို တော်တော်လေးအထင်သေးလွန်းတယ်

အချစ်စတင်ရာ ကောလိပ် (စဆုံး)Where stories live. Discover now