ရှိုင်းတောင် ဒီရွာလေးမှာ တာဝန်ကျနေတာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီထိုတစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ဒီရွာလေးက အစစအရာရာတိုးတက်ပြောင်းလဲလို့လာခဲ့သည်
စာသင်ဆောင်တွေလည်း ပြင်ဆောက်ထားသည်
ကျောင်းဝန်းလေးကလည်း အရင်ကနဲ့ မတူစွာ သစ်ပင်ပန်းမာန်တို့နဲ့ စိမ်းလန်းစိုပြေလို့ရွာသားတွေရဲ့ ပညာရေးအသိ ကျန်းမာရေးအသိတို့ကလည်း
ရှိုင်းတို့ရဲ့ စွမ်းဆောင်မှုကြောင့် တိုးတက်လာပြီတစ်ရွာလုံးရဲ့ အချစ်တွေအားလုံးကို သိမ်းကျုံးယူထားတဲ့
ထိုလူသားလေး နှစ်ဦးကြားမှာ တစ်ဖန်ဖြစ်တည်လာခဲ့သည့် အချစ်တို့ကလည်း လှလှပပဝေဝေဆာဆာ***
"ဆရာလေး ရှိုင်း နွေရာသီ ပိတ်ရက်ကို မပြန်ဘဲ ဦးလေးတို့ရွာမှာ အစစအရာရာ တိုးတက်အောင် ကူညီပေးလို့ ကျေးဇူးပါနော်"
"ဆရာနေ ကောပဲနော် ဦးလေးတို့ရွာအတွက် ကြိုးစားပေးလို့"ရွာအုပ်ချုပ်ရေးမှူးရဲ့ စကားကို သူက ပြုံးရင်းခေါင်းညိမ့်ပြီးသာထောက်ခံသော်လည်း
တစ်ဖက်လူသားလေးကတော့....."မဟုတ်တာ သူကြီးရယ်
ရှိုင်း တို့က ဘာမှမလုပ်ပေးလိုက်ရပါဘူး
အဓိက ကဒီရွာသားတွေနဲ့ သူကြီးတို့ရဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုကြောင့်ပါ
ရှိုင်းတို့ကသာ သူကြီးနဲ့ဒီရွာသားတွေကို ကျေးဇူးတင်ရာမှာ...
ပြီးတော့ ကျွန်တော်တို့ကို ကိုယ့်တူကိုယ့်သားလို သဘောထားပြီးလည်း စောင့်ရှောက်ပေးသေးတယ်လေ....."ရှိုင်းစကား ကို သဘောအရမ်းခွေ့သွားသည့် သူကြီးက အဖန်ရည်သောက်ရင်း ပြုံးလို့
"ဆရာရှိုင်းက မပြောင်းသေးဘူးမဟုတ်လား"
"မပြောင်းသေးပါဘူးဗျာ ဒီရွာမှာအကြာကြီးနေအုန်းမှာ"
မောင် ရှိုင်းကို မှတ်မိလာတဲ့ အချိန်ထိ ဒီရွာလေးမှာ နေဖို့ ရှိုင်း ဆုံးဖြတ်ထားတယ် မောင်"အကြိုက်ပါ့ဗျာ ဖြစ်နိုင်ရင်လေ ဆရာနေ နဲ့ ဆရာရှိုင်း ကို
ဦးလေးက ဒီရွာမှာ တစ်သက်လုံးခေါ်ထားချင်တာ
တကယ်တော့ ဒါတွေက အတ္တတွေ တစ်ကိုယ်ကောင်းဆန်မှုတွေမှန်း ဦးလေး သိပါတယ်"
"ငါ့တူတို့က ဧည့်သည်တွေပဲလေ အချိန်တန်ရင် အိမ်ပြန်ရမှာပေါ့"

YOU ARE READING
အချစ်စတင်ရာ ကောလိပ် (စဆုံး)
عاطفيةကောလိပ်မြေမှာ ဖူးစာဆုံမယ့်ဇာတ်လမ်းလေးပါ ကျောင်းဆရာအလုပ် လုပ်မယ့်lgbtသူတို့နှစ်ဦးအတွက် ရင်ဆိုင်ရမယ့် ပြသနာတွေ အခက်အခဲတွေဆိုတာ သေချာပေါက်ရှိလာမှာပါ အဲ့ဒါတွေကို သူတို့ဘယ်လိုရင်ဆိုင်မှာလဲ အလျှော့ပေးမှာလား ရင်ဆိုင်မှာလား သူတို့ရဲ့ ဆက်ဆံရေးကကော အဆင်ပြေချေ...