အပိုင်း 9 (U+Z)

733 33 5
                                    

8နှစ်သားအရွယ် ကျောင်းဝတ်စုံနဲ့ ကောင်လေးတစ်ယောက်သည် ဒီနေ့မှကျောင်းကသင်ခဲ့တဲ့ ကဗျာလေးကို ကျောင်းကနေ အိမ်အထိ တောက်လျှောက် ရွတ်လာခဲ့သည်.......
"မီးရထားကြီး ထွက်ခါနီးပြီ
ထွက်လို့လာပြီ တံခါးပိတ်ထား
ဂျုန်း ဂျုန်း ဂျုန်း
ဂျက် ဂျက် ဂျက်.............."
ကျောင်းက ကဗျာလေးတွေသင်တိုင်း သူ့အကိုကို အရင်ဦးဆုံးဆိုပြတတ်သော ကောင်လေးသည် ဒီနေ့လည်း ကျောင်းကသင်ခဲ့တဲ့ ကဗျာအသစ်ကို သူ့အကိုကို
ဆိုပြဖို့ရန် အရမ်းတက်ကြွနေသည်လေ
အိမ်ရောက်တာနဲ့ ကျောပိုးအိတ်တောင် မချွတ်ဘဲ
သူ့အကိုအခန်းဆီသာ အပြေးသွားသည့်ကောင်လေး

"ကိုကိုရေ သား............"
ကောင်လေးတစ်ယောက် ပျော်နေတဲ့စိတ်တို့သည် ရုတ်ချည်းပျောက်ကွယ်သွားရသည်
"ဘာလို့ နှစ်ယောက်လုံးက အိပ်ပျော်နေရတာလဲ
ဟိုကိုကို ကို သားမသိပါဘူး"
ကောင်လေး ခပ်တိုးတိုးရေရွတ်မိသည်
"ဘာလို့အောက်မှာ အိပ်နေတာလဲ ကိုကို
သားကိုကိုက ခုတင်ပေါ်မှာ မအိပ်ခိုင်းလို့လားဟင်"
ကောင်လေးသည် သူ့ကိုကို လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသည့်
ခုတင်မှာ မှောက်အိပ်နေသော သူအား လှုပ်နိုးပြီးစကားပြောသည်
သို့သော် ထိုလူသည် ကောင်လေးကို အဖက်မလှုပ်
ကောင်လေးပြောနေတာတွေကိုလည်း ကြားပုံမပေါ်
ဒါနဲ့ ကောင်လေးသည် သူ့အကိုအိပ်နေတဲ့ ခုတင်ပေါ်တက်ကာ သူ့အကိုကို လှုပ်နိုးပြန်သည်
"ကိုကို ထတော့
အိပ်ပုတ်ကြီးနေရင် မေမေတုတ်ကိုင်ပြီး လာရိုက်နေမယ်နော်
ဒီနေ့ သားကဗျာအသစ်သင်ခဲ့တယ် သိလား
အဲ့ဒါကိုကို ထပြီး နားထောင်ပေးအုန်းနော်
ကိုကို ထတော့လို့"
ပြောနေရင်း ကောင်လေးအသံကငိုသံတွေတောင် ပါလာသည်
ကိုကိို့ကို တစ်ခါလောက်လေး လှုပ်နိုးလိုက်တာနဲ့ ချက်ချင်းနိုးလာတတ်သော ကိုကိုက ဒီနေ့ သူအတင်းလှုပ်နိုးနေတာကို မထဘူး
"ကိုကို ထတော့လို့ "
"ဟိုကိုကို ကော ထတော့
ပြီးရင် သားကိုကို ကိုကူနိုးပေးအုန်းလေ
မထသေးရင် မေမေ ဆူမယ်လို့"
"ကိုကို မထရင် သားသား မေမေနဲ့တိုင်ပြောချည်မှာနော်"
ကောင်လေးသည် သူပြောတာတွေကို လုံးဝဂရုမစိုက်သည့် ထိုလူသားနှစ်ဦးကြားတွင် ဗျာများနေသည်
***
မပီမပြင် ဝိုးတဝါးပုံရိပ်တွေကို ရှိုင်းမြင်နေရသည်
စိတ်ထဲမှာလည်း ဘယ်သူမှအဖြေမပေးမယ့် မေးခွန်းတွေကို တန်းစီကာ မေးနေသည်
အဲ့ထဲက ငိုနေတဲ့ကောင်လေးက ဘယ်သူလဲ
အိပ်နေတဲ့ သူတွေကကော ဘယ်သူတွေလဲ
ပြီးတော့ တကယ့်လက်တွေ့မှာလဲ ရှိုင်းက ငိုနေသေးသည်လေ မျက်ရည်တွေကလည်း မျက်နှာတစ်ခုလုံး ပေကျံလို့.....
နှုတ်ကနေလည်း ဝိုးတဝါး ပုံရိပ်ထဲက ကောင်လေးအတိုင်း ထပ်တူ လိုက်ပြောနေသည်
"ကိုကို ထတော့"
"ကိုကို"
"ကိုကို ထတော့လို့"
ရှိုင်း အိပ်မက်ထဲကနေ လန့်ပြီး နိုးထလာသည်
လူကချွေးတွေရွှဲပြီး ငိုထားရလို့ ပင်ပန်းသည့်နယ်
ရှိုင်း ရေတစ်ခွက်သောက်ပြီး ဘုရားတရားကို အာရုံပြုကာ ပြန်ပြီးအိပ်ပျော်အောင်ကြိုးစားကြည့်သည်
သို့သော် အချည်းနည်းပင်
ရှိုင်း ဒီအိပ်မက်ကို အရမ်းရင်းနှီးမှုရှိသည်
ရှိုင်းငယ်ငယ်ကတည်းက အမြဲမက်သည့် အိပ်မက်
ပြီးတော့ အဲ့ဒီအိပ်မက်ဆိုး မမက်တာလဲ ဆယ်စုနှစ်ကျော်ပြီ
အခုမှ ဘာလို့မက်ပြန်တာလဲမသိဘူး
စိတ်ဖိစီးနေလို့ နေမှာပါလေ......
အဲ့ဒီအိမ်မက်ကြီး မက်လို့နိုးလာတိုင်းလည်း ရှိုင်း ဘယ်တော့မှဆက်အိပ်လို့ မရတော့
အတွေးတွေက  ခေါင်းထဲတန်းစီလို့
နောက်ပြီးအဲ့ဝိုးတဝါးပုံရိပ်တွေကို ပုံဖော်နေရတာနဲ့တင် မိုးလင်းသွားတာကြီးပဲ
ဒါမယ့် ဘာမှန်းဆိုတာကို အခုချိန်ထိ ရှိုင်း သေချာမသိသေး
နောက်နေ့ မေကြီးနဲ့ ဖုန်းဆက်မှ မေးကြည့်ရအုန်းမည်......
***
"ဟေ့ သူရိန် ဘာဖြစ်နေတာလဲ"
မနက်ကတည်းက စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်နေတဲ့ သူရိန်ကို ဇော်ထိုက်တို့ သတိထားမိသည်
ပြောရမယ်ဆိုရင် ဒီတစ်ဖြတ် ကျောင်းစဖွင့်ကတည်းကနေထင်တယ်
သူရိန်သည် အရင်ကလို တက်တက်ကြွကြွ မရှိတော့
တေမိမင်းလို စကားလည်းမပြော
အခုလည်း လူကသာ ကန်တင်းမှာထိုင်နေတာ စိတ်က ဘယ်ဆီလွှင့်နေတယ် မသိ မေးတာတောင် ပြန်မဖြေဘူး
မှာထားတဲ့ အအေးလည်းမသောက်ဘူး

အချစ်စတင်ရာ ကောလိပ် (စဆုံး)Where stories live. Discover now