အပိုင်း 23 (The end ) (U+Z)

1.3K 44 3
                                    

သူရိန် တစ်ယောက်မှာ နိုးနေသော်လည်း ရင်ခွင်ထဲက ကောင်လေး နိုးသွားမှာ စိုးလို့ မထရဲသေး


"ဒီနှစ်တွေအတွင်း တော်တော်ပင်ပန်းခဲ့မှာပဲနော် ရှိုင်း
မောင်လေ ရှိုင်းနား မရှိပေးနိုင်ခဲ့တဲ့ အချိန်တွေကို မောင် အတိုးချပြီး ပြန်ဆပ်မယ် သိလား
ပြီးတော့ မောင့်အပေါ်သစ္စာရှိရှိချစ်ပေးလို့လည်း ကျေးဇူးနော်"

မနေ့က သစ်ကိုင်းကျိုးကျတုန်းက
သူ့စိတ်တွေ ဘယ်လောက်ထူပူခဲ့ရလဲ....
တကယ်လို့ သူသာ ဝင်မခံရင် အခုချိန် ပတ်တီးအဖွေးသားနဲ့က ရှိုင်းဖြစ်နေမှာပင်
အဲ့လိုသာဆိုရင် သူရိန် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး
ပြီးတော့ သူ ရှိုင်းဆီ ပြေးလာရင်း သူ့အာရုံထဲမှာ အရင်အတိတ်က မှတ်ဥာဏ်တွေက တဖြည်းဖြည်း ရုပ်လုံးပေါ်လို့လာသည်
အခုဆိုရင် သူရိန် သူ့ရဲ့အတိတ်တွေအားလုံးကို သူ ပြန်မှတ်မိလာခဲ့ပြီလေ......

ရင်ခွင်ထဲသို့ ခေါင်းလေးတိုးဝင်ပြီး အိပ်နေသူရဲ့ ဆံပင်တွေကြား လက်လေးနဲ့ ထိုးဖွကာ
"ရှိုင်း ထတော့လေ"

"ဟင့်အင်း မောင် ရှိုင်း အိပ်ချင်သေးတယ်"

'ဟင် ငါအိပ်မက်များ မှတ်နေတာလား
အိပ်မက်နေမှာပါ ငါအခုအိပ်နေတုန်းပဲကို'
ရှိုင်း ခမျာ အိပ်မက်လား တကယ်လား ဆိုတာ သေချာမခွဲခြားတတ်

"သူများတွေ လာကြတော့မှာနော် တစ်အောင့်နေရင်"

"မောင်"

အိပ်နေရာမှ ဆတ်ခနဲထကာ သူ့ကို အံ့သြတကြီး ကြည့်နေသူကို ပြုံးပြလိုက်တော့ လူကိုဖတ်ပြီးငိုလာတဲ့
သူ့ရဲ့ ကလေးလေး

"တကယ် မောင် နော်
ရှိုင်း ရဲ့မောင်နော် "

"ဟုတ်ပါတယ် ဗျာ
ရှိုင်းရဲ့မောင် အစစ်ပါနော်"

"မောင် ပြန်မှတ်မိပြီပေါ့နော် ဝမ်းသာလိုက်တာမောင်ရယ်
ရှိုင်း လေ မောင့်ကို အရမ်း လွမ်းတာပဲ သိလား"

"မောင် လည်း အတိတ်မေ့နေပေမယ့် ရှိုင်း ကို အမြဲလွမ်းနေတာပါနော်"

ဖက်ထားတာကို လွတ်ပြီး မယုံဘူးဆိုသည့်အကြည့်နဲ့လာကြည့်သော ရှိုင်းကြောင့်

You've reached the end of published parts.

⏰ Last updated: Mar 16, 2024 ⏰

Add this story to your Library to get notified about new parts!

အချစ်စတင်ရာ ကောလိပ် (စဆုံး)Where stories live. Discover now