အပိုင်း 14 (U+Z)

614 22 1
                                    

"မာမား သားပြန်လာပြီ"
"ဟင် ဆရာမကြီး....."

သူရိန် တစ်ယောက် ခုန်ပေါက်ပြီး အိမ်ထဲဝင်လာတာကို ဧည့်ခန်းထဲမှာ စကားလက်ဆုံကြနေကြသော မာမား ဖေဖေနဲ့ ဆရာမကြီးဒေါ်ထားထားရီတို့က လှည့် ကြည့်လာကြသည်

"သား သူရိန် ပြန်လာပြီလား"

"ဟုတ်ကဲ့ မာမား"

သူရိန် ဆိုဖာတွင်ဝင်ထိုင်ရင်း
"မာမားက ဆရာမကြီးကို သိတာလား"

"သိတယ်လေ မင့်ဖေဖေရဲ့ အမလေ"

"ဗျာ "
ဒေါ်ထားထားရီကတော့ သူ့ကို ပြုံးပြီးကြည့်လျက်
'ငါ ကျောင်းမှာ မွေထားတာတွေကိုသာ ပြောထားလို့ကတော့ သူရိန် မင့်တော့ သေပြီသာမှတ်'

"သားရဲ့အန်တီထားက သားကိုချီးမွမ်းနေတာလေ"

"ဗျာ"

"တဗျာ ဗျာနဲ့ ဘာဖြစ်နေတာလဲ သူရိန် "

"ဗျာ ဘာမှမဟုတ်ပါဘူး ဖေဖေရာ"
"ဖေဖေ့ဆီမှာ အမ ရှိမှန်း သားကဘာလို့မသိရတာလဲလို့"

"မင့်ကကော မေးလို့လား
အိမ်တောင် ကပ်တာမဟုတ်ပဲနဲ့"

"မမထား အဲ့ကလေးဆိုးရင် အားမနာနဲ့နော် ရိုက်တာရိုက်"

"သူရိန်လေးကို မမထားတို့ ရိုက်စရာမလိုပါဘူး
သူ့မှာ မမထားတို့ထက် ပိုကြောက်ရမယ့်သူရှိတယ်လေ သူဆုံးမပေးလိမ့်မယ်"

"ဆရာမကြီး......."
သူရိန်နဲ့ရှိုင်းအကြောင်းကို သိနေသော ဆရာမကြီးရဲ့စကားကို မာမားနဲ့ ဖေဖေက သဘောမပေါက်သော်လည်း သူရိန်က သဘောပေါက်တာထက်လွန်တော့မယ်

"ပြောပါအုန်း မမထားရယ်
သူရိန် ကြောက်တဲ့သူက ဘယ်သူများလဲ သိချင်လို့"

"သူရိန် ပြောလိုက်ရမလား"

"မာမားတို့ စိတ်ဆိုးရင်ဘယ်လိုလုပ်မလဲ
ပြီးတော့.........."

ရှက်နေသော သူရိန့်ကိုကြည့်ကာ အားလုံးရဲ့မျက်နှာက ပြုံးစိစိ

"မာမားသမက်ကို ဘာလို့လျှိုထားတာလဲ ဟမ်
အန်တီထား မပြောရင် မာမားတို့ကသိရမှာတောင် မဟုတ်ဘူး"

"အဲ့လိုမဟုတ်ပါဘူး မာမားရာ
မာမားတို့ သားကို လက်မခံမှာစိုးလို့ပါ"
သူရိန် ဒေါ်မြခက်ခါးကို တင်းတင်းလေးဖက်ကာ ကလေးတစ်ယောက်တစ်ဖွယ် ရင်ခွင်ထဲတိုးဝင်လို့
သူ့ကိုနားလည်လက်ခံပေးလို့ ဝမ်းသာပြီးကျလာတဲ့ မျက်ရည်တွေကိုလည်း ဒေါ်မြခက်က ညင်ညင်သာလေးသုတ်ပေးသည်

အချစ်စတင်ရာ ကောလိပ် (စဆုံး)Where stories live. Discover now