အပိုင်း 8 (U+Z)

706 27 3
                                    

ကဆုန်လပြည့်နေ့....................

ရစ်ကံလေရွာလမ်းတစ်လျှောက်တွင် အိုးစည်ဒိုးပတ်သံတို့ဖြင့် ခြိမ့်ခြိမ့်သဲ စီကားသိုက်မြိုက်နေသည်
ရေအိုး ရေပုံးကိုယ်စီသယ်လာကြသော ကလေးလူငယ်လူကြီးအစုံတို့ကလည်း  တောင်ပေါ်ရှိ ဗောဓိညောင်ပင််ကြီးဆီ ဦးတည်လျှောက်လှမ်းလာကြသည်လေ
ထိုအထဲတွင် ရှိုင်းကတော့ နောက်ကကာလသားတစ်ဖွဲ့ရဲ့ ဆိုင်းဝိုင်းမှာပဲ....
ဝါးလက်ခုပ်လေး တီးကာလိုက်ပါလာသည်
ပြီးတော့ မဆီမဆိုင် သူရိန်ကပါ ရှိုင်းတို့နဲ့တူတူပါလာသေးသည်
နှစ်ယောက်လုံးရဲ့မျက်နှာက ပျော်မြူးပြီး တက်ကြွနေကြတာပဲ
တစ်ယောက်နဲ့ တစ်ယောက်ကလည်း အချင်းချင်း မသိမသာခိုးကြည့်ရတာအမော
အကြည့်ချင်းဆုံသွားသည့်ခိုက် ဖြစ်ပေါ်လာတဲ့ ရင်ခုန်သံတို့ကိုလည်း နှစ်ယောက်သမားက အလွတ်မပေးဘဲ မြတ်မြတ်နိုးနိုးဖမ်းဆုပ်ထားလျက်

လူတန်းကြီးက ဗောဓိညောင်ပင်ကြီးဆီရောက်တော့
သယ်လာတဲ့ ရေတွေကို ဗောဓိညောင်ပင်ကြီးဆီ လောင်းကြသည်
ပြီးခါမှ ဘုန်းကြီးကျောင်းထဲဝင်ကာ ဘုန်းဘုန်းရဲ့ တရားကို နာကြသည်

"ကုသိုလ် အမျှ အမျှ ယူတော်မူကြပါကုန်လော်
သာဓု သာဓု သာဓု"3

အမျှဝေသံထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် ဝေမယ့်အချိုရည်ဘူးတွေကို  ရှိုင်းတို့ကြိုပြီး ပြင်ဆင်ထားကြသည်
အချိုရည်ဘူးဖာတွေကို ဖောက်နေတုန်း
နှာခေါင်းထဲ ဝင်လာတဲ့ ရေမွှေးနံ့သင်းသင်းလေးကြောင့် ရှိုင်းလှည့်ကြည့်စရာမလိုပဲ ဘယ်သူမှန်း တန်းသိသည်

"သူရိန် ကလေးတွေကိုအကုန်ဝေပြီးပြီလား"

"အကိုက ဘယ်လိုသိလဲ ကျွန်တော်မှန်း"
အနောက်ကနေ လှန့်မလို့ကို ကြိုသိနေသောသူကြောင့် သူရိန့်မျက်နှာက စူပုတ်ပုတ်

"ငါ့နောက်စေ့မှာ မျက်စိပါတယ်လေ"
ရှိုင်းက ပြုံးလျက်ဆိုသည်

"ကြည့် ကြည့် အဲ့နှစ်ယောက်ကမရိုးဘူး သိလား"
"ဘယ်လို မရိုးတာတုန်းဟ"
"သူတို့နှစ်ယောက်က ကြိုက်နေကြတာလားမသိဘူး"
"ဘာလို့"
"အမြဲတမ်း တပူးတွဲတွဲနဲ့လေ"
"အဲ့ဒါများ ရေကြီးခွင်ကျယ်လုပ်လို့ဟယ်
ပြီးတော့သူတို့က ယောကျ်ားလေးတွေလေ ဘယ်လိုကြိုက်မလဲ
ဘုန်းကြီးကျောင်းမှာ ပေါက်တတ်ကရတွေလျှောက်မပြောနဲ့"
"နင်က ဘာသိလို့လဲ အခုခေတ်စားနေတယ်လေ
BL ဆိုလား boy to boyဆိုလား
ယောကျာ်းအချင်းချင်းကြိုက်တာလေ မရွံမရှာဟယ်.....
ငါတို့အိမ်ဘေးက မိဇင်က အဲ့လိုကားမျိုးတွေပဲ ကြည့်တာတော့"
"အဲ့ဒါနဲ့ သူတို့နှစ်ယောက်ကြိုက်နေတာနဲ့က ဘာဆိုင်လို့လဲဟ"
"နင် သတိမထားမိဘူးလား သူတို့အချင်းချင်းကြည့်တဲ့ အကြည့်တွေကိုလေ "
"အေ ဟုတ်သားပဲ နော်"
"ငါပြောပါတယ်
ကြည့်စမ်းပါအုန်း
နှစ်ယောက်လုံးကရုပ်ကလေးတွေ ချောရဲ့သားနဲ့ ခြောက်နေကြတာ"
"ကိုရှိုင်းထက်...ယောကျာ်းလေးတွေကို စိတ်ဝင်စားလိမ့်မယ်လို့ မထင်ထားမိဘူး နှမျောစရာကောင်းလိုက်တာ"
"ဘာနှမျောစရာလည်း ကြည့်ပါလား ပုံစံကိုက ဖြူဖြူဖက်ဖက် ကနွဲ့ကလျနဲ့"

အချစ်စတင်ရာ ကောလိပ် (စဆုံး)Where stories live. Discover now