Unicode
မိုးတွေသည်းထန်စွာရွာသွန်းနေတဲ့အချိန် တောအုပ်ထဲသို့ပုံမှန်နှုန်းဖြင့်ဖြတ်မောင်းလာသောမြင်းလှည်းတစ်စီးရှိသည်။
"အိမ်ရှေ့စံ အရှေ့မှာလူတစ်ယောက်လဲနေတာတွေ့လို့ကျွန်တော်မျိုး သွားကြည့်လိုက်ရမလား။"
"အင်း.."
လှည်းမောင်းသူကလှည်းပေါ်ကဆင်းပြီးလမ်းပေါ်မှာလဲနေတဲ့သူကိုသွားကြည့်လိုက်သည်။အိမ်ရှေ့စံနဲ့ကိုယ်ရံတော်ချန်ကလှည်းနားကနေ အခြေနေစောင့်ကြည့်နေကြသည်။
လှည်းမောင်းသူကရေးကြီးသုတ်ပြာနဲ့ပြန်ပြေးလာပြီး
"အိမ်ရှေ့စံ ကျွန်တော်မျိုးကြည့်ရသလောက်ဝတ်စားထားပုံနဲ့ရုပ်ရည်ကိုကြည့်ချင်းအားဖြင့်အိမ်တော်တစ်ခုခုကသခင်ငယ်လေးဖြစ်ဖို့များပါတယ်။""တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့မို့အန္တရာယ်တစ်ခုခုကြုံထားပုံလဲပေါ်ပါတယ်အိမ်ရှေ့စံ"
"ရပြီ ကိုယ်တော်ကိုယ်တိုင်သွားကြည့်လိုက်မယ်"အိမ်ရှေ့စံကပြောပြီးရှေ့ကထွက်သွားတာမို့လှည်းသမားနဲ့ကိုယ်ရံတော်ချန်လဲနောက်ကလိုက်ခဲ့ရသည်။
"လဲနေတဲ့သခင်လေးရဲ့မျက်နှာကိုသေချာမြင်ရအောင် ခန္ဓာကိုယ်ကို လှည့်လိုက်တော့ပေါ်လာတဲ့မျက်နှာနုနုလေးကဒဏ်ရာတွေနဲ့တောင်လှရက်လွန်းတယ်။"
"အဟမ်းးးသူ့ကိုလှည်းပေါ်တင်လိုက် ပြီးရင်ခရီးပြန်ဆက်မယ်။"
အနောက်ကကိုယ်ရံတော်ချန်နဲ့လှည်းသမားကသူ့တို့အိမ်ရှေ့စံကိုမယုံနိုင်တဲ့အကြည့်နဲ့ကြည့်နေကြသည်။
'အိမ်ရှေ့စံကဘယ်တုန်းကလူတွေကိုဒုက္ခရောက်တာနဲ့ချက်ချင်းကူညီတက်သွားရတာလဲ'လို့ကိုယ်ရံတော်ချန်ရောလှည်းသမားရောစိတ်ထဲကတွေးလိုက်သည်။
"မင်းတို့ဘာလုပ်နေတာလဲ ငါကိုယ်တော်ပြောတာကိုမကြားလိုက်တာလား"
"အခုဘဲဆောင်ရွက်လိုက်ပါမယ် အိမ်ရှေ့စံ"ကိုယ်ရံတော်ချန်က လဲနေတဲ့သူကိုကောက်ပွေ့ဖို့ပြင်လိုက်တဲ့အချိန်အိမ်ရှေ့စံဆီကထွက်လာတဲ့စကားကြောင့်ခုနကတွေးနေတဲ့အတွေးတွေတောင်မရှင်းသေးဘဲပိုရှုပ်သွားတော့တယ်။
YOU ARE READING
。♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。(Ongoing)
Fanfictionမထင်မှတ်ပဲချစ်ခဲ့မိတဲ့မင်းက ကိုယ့်ကိုလူကြီးကြီးလို့လဲခေါ်တက်သေးတယ်~~~