《17》

479 38 11
                                    

Unicode

ရှောင်းကျန့်နိုးလာတော့ နေတောင်မနည်းထွက်နေပြီသူ့ဘေးကြည့်တော့လဲလူကြီးကြီးကမရှိတာကြောင့် ကုတင်ပေါ်ကဆင်းဖို့ပြင်လိုက်သည်။ဒါပေမဲ့သူ့ခန္ဓာကိုယ်ကအရင်တိုင်းပြန်မဖြစ်သေးတာကြောင့် ကုတင်ပေါ်ကနေ ဘုန်းကနဲ ပြုတ်ကျသွားတော့သည်။

"အား....နာလိုက်တာ ဘာလို့ဒီလောက်ခြေတံလေးကတိုနေရတာလဲ"

သူလဲမကျေမနပ်ရေရွတ်လိုက်ပြီး ကြမ်းပြင်ပေါ်ကုန်းထလိုက်သည်။ရိပေါ်ကအသံတွေကြားလို့ထင် အခန်းတံခါးကိုအကြမ်းပတမ်းဆောင့်ဖွင့်ပြီးဝင်လာတာ။သူ့ကိုလဲမြင်ရော အသဲအသန်ပြေးလာကာသူ့လက်မောင်းကြီးတွေကြားချီယူလိုက်တာ။လူမဟုတ်တဲ့သူလို့အကောင်လေးမှာ "အင့်" ဆိုတဲ့အသံလေးတောင်မနည်းထွက်ရတယ်။

"ဘာလို့ ဆင်းတာလဲကိုယ်လာတာစောင့်နေတာမဟုတ်ဘူး။အခုတော့ထိခိုက်ကုန်ပြီလား။"

ပါးစပ်ကလဲပြောရင်းဂျိုင်းကနေလက်နှစ်ဖက်နဲ့ကိုင်ကနေရာအနှံ့လိုက်စစ်ဆေးနေတော့တာ။ဘာမှထိခိုက်ဒဏ်ရာရသွားတာမတွေ့တော့မှသာ သူ့ကိုကလေးလေးတွေချီသလိုလက်ပေါ်မှာပွေ့ချီထားပေးသည်။

"အခုမျက်နှာသစ်မလို့လား ကိုယ်သစ်ပေးမယ်။"

ရိပေါ်ကသူ့ကိုစိတ်ရှည်လက်ရှည်သေချာလုပ်ပေးပြီးမနက်စာပါသေချာပြင်ပေးသည်။သူလဲစားလို့သောက်လို့ပြီးတော့ သူ့မျက်စိရှေ့ကိုစာရွက်တစ်ရွက်နဲ့အတူမင်တံကိုချပေးလာသည် ပြီးမှသူဖော်ထားတဲ့ဆေးတွေကိုထည့်ထားတဲ့ အညိုရောင်သေတ္တာဘူးလေးကိုချပေးလာသည်။

"ဒါတွေကကျန့်ငယ်ဖော်ထားတဲ့ဆေးတွေမလား သူတို့ကိုအသုံးပြုလို့ရောရပြီလား။ဘယ်လိုအသုံးပြုရမှာလဲ။"

ရှောင်းကျန့်ကရိပေါ်မေးလာတဲ့မေးခွန်းတွေကိုစာရွက်ပေါ်တစ်ခုချင်းချရေးပေးပြီး ရိပေါ်ကိုပေးလိုက်သည်။သူကဒီပုံစံလေးအတိုင်းရက်အနည်းတော့နေရအုံးမယ်ထင်တယ်။အဲ့တာကြောင့်ဆေးကိစ္စတွေအကုန်လုံးရိပေါ်နဲ့လွဲထားလိုက်ရမယ်ထင်တယ်။

"ဒါဆ်ို ဒီဆေးလုံးလေးတွေကိုတစ်နေ့နှစ်ကြိမ်လူနာတွေကိုတိုက်ရမှာပေါ့လေ။ဆေးအညွှန်းလဲပါတော့ တော်ဝင်သမားတော်တွေကိုထပ်လုပ်ခိုင်းပြီး ကျန့်ငယ်ဆီယူလာပေးမယ်လေ ကျန့်ငယ်ကနောက်ဆုံးတစ်ဆင့်ပဲလုပ်ပေးတော့ပေါ့ အဲ့တာဆိုအကုန်သူအတွက်အဆင်ပြေလောက်တယ်။"

。⁠♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡⁠。(Ongoing)Where stories live. Discover now