《26》

460 29 4
                                    

Unicode

ရှောင်းကျန့်ကဒီနေ့အိပ်ရာနိုးတာနောက်ကျတယ်လို့ပြောလို့ရတယ်။ဘာလို့ဆို နေရောင်တောင်သူ့အဆောင်ထဲဝင်နေပြီ။ကျန်တဲ့နေ့တွေဆိုနေမထွက်ခင်နိုးနေကျ။ဒီနေ့ကတော့ချွမ်းချက်ပေါ့။အဲ့တာလဲလူကြီးကြီးကြောင့်လေ ဟီးးး။ဒါနဲ့အဲ့လူကြီးဘယ်ရောက်သွားပြီလဲ။

"အထိန်းတော်ချင်း အပြင်မှာဘယ်သူတွေရှိလဲဟင်။"

"ကျွန်တော်မျိုးမရှိပါတယ် အိမ်ရှေ့စံမိဖုရားလေး"

"ရားးးးးအထိန်းတော်ချင်းဘယ်လိုကြီးခေါ်နေတာလဲ အရင်လိုပဲပြန်ခေါ်ပေးပါနားထောင်ရတာနားတွေယားလာလို့"

ရှောင်းကျန့်မှာအခေါ်အဝေါ်အသစ်ဆန်းကြောင့်နားရွက်တွေမျက်နှာတွေနီရဲနေကာ မနေတက်တာကြောင့် မျက်နှာကြီးကိုအတင်းငုတ်ထားပြီး ပြောင်းခေါ်ဖို့ပြောနေရတယ်။ရှက်လိုက်တာနော် ဘယ်လိုကြီးလဲမသိ။

"ဒီတစ်ခါတော့ သခင်လေးစကားကိုနားမထောင်ပါရစေနဲ့။ဒီမနက်ပဲအိမ်ရှေ့စံကညီလာခံကနေအမိန့်စာတစ်ခုထုတ်ဝေခဲ့တယ်။အဲ့ဒါကြောင့် ကျွန်တော်မျိုးမအပြစ်မသင့်ချင်တာကြောင့် အိမ်ရှေ့စံမိဖုရားလေးကပဲနားလည်ပေးပါ။"

"အမိန့်စာမှာဘာအကြောင်းရာတွေပါလို့ အထိန်းတော်ချင်းကကြောက်နေရတာလဲ"

"အိမ်ရှေ့စံမိဖုရားလေးက အိပ်ယာထနောက်ကျလိုက်လို့သာမသိတာ။ဒီအမိန့်စာကအရင်အမိန့်စာတွေထက် အများကြီးထူးဆန်းတယ်။

အမိန့်စာထဲက အဓိကအကြောင်းရာတွေကအိမ်ရှေ့စံမိဖုရားလေးကိုရည်ညွှန်းထားတာတွေပဲ ကျွန်တော်မျိုးမဖြင့် အမိန့်စာကိုနားထောင်ရင်းကြည်နူးလိုက်ရတာ။အိမ်ရှေ့စံကဒီလောက်ချစ်တက်မယ်မထင်ခဲ့မိတာအမှန်။"

"စာထဲမှာရေးထားတာက အိမ်ရှေ့စံကမနေ့ကကျင်းပပြုလုပ်လိုက်တဲ့ သူ့မင်္ဂလာပွဲကိုပြည်သူတွေပျော်ရွှင်စွာလက်ခံပေးလို့ကျေးဇူးတင်ကြောင်းနဲ့။ဒီနေ့ဒီအချိန်ကစ သူလက်ထပ်လိုက်တဲ့အိမ်ရှေ့စံမိဖုရားတဖြင့် ရှောင်းတိုင်းပြည်ရဲ့မင်းသားငယ်ကိုသာတစ်ဘဝလုံးစာနဲ့နောက်ဆုံးမိဖုရားအဖြစ် အသက်ထပ်ဆုံးပေါင်းသင်းသွားပြီး နောက်ထပ်မိဖုရားတွေမတော်ကောက်တော့ကြောင်းကိုပြောသွားခဲ့တာ မိဖုရားလေးရဲ့။

。⁠♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡⁠。(Ongoing)Where stories live. Discover now