《21》

500 38 7
                                    

Unicode

"ငါကိုလွှတ်ပေးလို့ပြောနေတာမကြားဘူးလား ယွဲ့မင်ယောင်။အခုလွှတ်!"

"ရှောင်းလေးပါးစပ်ကိုပိတ်ပြီးအေးဆေးလေးလိုက်လာလို့မရဘူးလား။ပြီးရင်သိရမှာကို လေကုန်ခံပြီးမေးမနေပါနဲ့လားဟင်"

"အခုလဲမသိချင်ဘူး နောက်ပြီးလဲမသိချင်ဘူး။ငါ့ကိုလွှတ်ပေး!!"

"ပါးစပ်ကပြောနေရင်ကောင်းကောင်းလိုက်ခဲ့နော် ကိုယ်ကလက်မပါချင်ဘူး။"

ရှောင်းကျန့်လဲတစ်လမ်းလုံးအော်လာရတာကြောင့်အသံတွေနာပြီးဘာအသံမှမထွက်နိုင်တော့တာနဲ့ ယွဲ့မင်ယောင်ဆွဲခေါ်သွားရာနောက်တရွတ်မတိုက်ယုံတမယ် ပါသွားတော့သည်။သူ့ကိုဖမ်းထားတဲ့အခန်းကနေတစ်ဘက်အခန်းထဲဝင်ပြီး ခြေလှမ်းအနည်းငယ်လျှောက်လိုက်တော့ ပန်းပေါင်းစုံတွေအပြည့်ဖြည့်ထားတဲ့ ရေကန်ကြီးတစ်ခုကိုလှမ်းမြင်ရတယ်။အစေခံမိန်းကလေးတွေလဲရှိနေတယ်။ဒီကောင်ကဘာဖြစ်ချင်နေတာလဲ ငါ့ကိုဘာလုပ်ဖို့ဒီကိုဆွဲခေါ်လာတာလဲ။ရှောင်းကျန့်ကအတွေးပေါင်းစုံတွေးနေရင်းနဲ့ ယွဲ့မင်ယောင်ဆွဲထားတဲ့သူ့လက်ကိုလဲအားကုန်ဆွဲရှုန်းတယ်။

"ကျစ် ရှောင်းလေးမင်းဘာလို့ပြောစကားနားမထောင်ရတာလဲ။အခုတော့ ဒီမှာကြည့်ဘယ်သူပဲနာရလဲ မင်းပဲလေ။လက်တွေလဲနီရဲနေပြီမလား။"

"နာတော့ဘာဖြစ်လဲ အသားနာတာကဆေးလူးရင်ပျောက်တယ်။အဓိက ကငါဒီကနေလွှတ်ဖို့ပဲ။"

"ဒါဆိုရင်တော့အားကုန်ခံမနေနဲ့တော့ မင်းဘယ်တော့မှလွတ်မှာမဟုတ်လို့ပဲ"

"သူ့ကိုသန့်စင်ပေးပြီး အဝတ်စားလဲပေးလိုက်ကြ"

ယွဲ့မင်ယောင်ကအစေခံမိန်းကလေးတွေကိုအမိန့်ပေးပြီးသူ့ကိုရေသန့်စင်ဖို့ထားခဲ့တော့တယ်။သူကယောကျာ်းလေးလေဘယ်လိုလုပ်မိန်းကလေးတွေရေသန့်စင်တာကိုခံချင်မလဲ။အဲ့တာနဲ့သူလဲထွက်မပြေးပါဘူးလို့ ကတိအထပ်ထပ်ပေးပြီးအစေခံမိန်းကလေးတွေကိုအပြင်ကိုပြန်လွှတ်လိုက်ရတယ်။

"ဟူးးးငါဒီကနေဘယ်လိုထွက်ရမလဲ။လူကြီးကြီးကရောအချိန်မှီလာကယ်နိုင်ပါ့မလား။တော်ကြာ ငါကဆိုးလို့ဆိုပြီးပြန်မခေါ်ချင်တော့ရင်ရော။"

。⁠♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡⁠。(Ongoing)Where stories live. Discover now