Unicode
ရှောင်းကျန့်တစ်ယောက်အိပ်ယာနိုးလာတော့ သူကိုတစ်ယောက်ယောက်ကဖက်ထားသလိုမျိုးခံစားနေရတာကြောင့် မျက်လုံးကိုအသဲအသန်ဖွင့်ပြီးသူ့ကိုဖက်ထားတဲ့သူကိုကြည့်လိုက်တော့ တခြားလူမဟုတ် သူ့ရဲ့လူကြီးကြီးဖြစ်နေတယ်။ဒါနဲ့လူကြီးကြီးကဘာလို့သူ့ကုတင်မှာသူမအိပ်ပဲ ဒီမှာလာအိပ်နေတာလဲမသိဘူး။ရှောင်းကျန့်ကသူ့အတွေးနဲ့သူရိပေါ်ဖက်ထားတာကိုမဖယ်မိပဲ အတွေးကမ္ဘာထဲလွင့်မျောနေတော့သည်။
ရိပေါ်တစ်ယောက်သူ့မျက်နှာပေါ်ကိုနေရောင်ကျလာတာကြောင့်မျက်လုံးကိုမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်နေရင်း သူ့ရင်ခွင်ထဲကအနွေးလုံးလေးကိုပိုတိုးပြီးဖက်လိုက်မိတယ်။သူဖက်တာအားများသွားလို့လားမသိ သူ့ရင်ခွင်ထဲကနေကျန့်ငယ်အသံလေးကြားတော့မှသူ့မှာအယောင်ယောင်အမှားမှားနဲ့သူ့ရင်ခွင်ထဲငုံ့ကြည့်လိုက်မိတယ်။သူတစ်ကယ်ကြီးကျန့်ငယ်ကိုဖက်ထားမိတာပေါ့လေ အိမ်မက်မဟုတ်ဘူးလား။ရိပေါ်သူတကယ်ကျန့်ငယ်ကိုဖက်အိပ်နေမိမှန်းအခုမှသတိရတော့တယ်။ခုနကအိပ်တဝက်နိုးတဝက်အခြေနေမို့အိမ်မက်ထင်ပြီးအားရပါးရတွေဖက်နေမိတာ။ဘယ်လိုဖြစ်ပြီးကျန့်ငယ်ကိုဖက်အိပ်မိသွားတာလဲဆိုတာကို သူ့ခေါင်းကိုအမြန်အလုပ်ပေးပြီးစဥ်းစားလိုက်တော့မှ....သူညကကျန့်ငယ်ကိုကုတင်ပေါ်တင်ပေးပြီး သူ့ဆီကိုခိုစာရောက်လာတာကြောင့်ပြတင်းပေါက်ကိုဖွင့်ပြီး ခိုစာကိုလက်ခံလိုက်မိတယ်။စာထဲမှာရေးထားတဲ့အကြောင်းရာတွေကြောင့်သူကျန့်ငယ်ကို လက်လွှတ်လိုက်ရမှာကိုစိုးရိမ်ပြီးကျန့်ငယ်ရဲ့လက်လေးကိုကိုင်ပြီးတစ်ညလုံးသူ့ကိုထားမသွားဖို့အကြောင်းတွေထိုင်ပြောနေမိတာကနေ မနက်ကျတော့ဘယ်လိုကနေဘယ်လိုဖြစ်ပြီးကျန့်ငယ်ကိုရင်ခွင်ထဲထည့်အိပ်မိသွားလဲမသိဘူး။ကျန့်ငယ်ကတော့အခုခြေနေကိုကြည့်ပြီးမေးခွန်းပေါင်းစုံမေးတော့မယ်ဆိုတာ သူကြိုသိနေတယ်။
"လူကြီးကြီးနိုးရင်လဲလွှတ်တော့ ဒီမှာအသက်ရှူကျပ်လို့သေတော့မယ်။ဒါနဲ့လူကြီးကြီးကကျန့်ငယ်ကုတင်ပေါ်ဘယ်လိုဖြစ်ပြီးရောက်နေတာလဲဟင်"
YOU ARE READING
。♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。(Ongoing)
Fanfictionမထင်မှတ်ပဲချစ်ခဲ့မိတဲ့မင်းက ကိုယ့်ကိုလူကြီးကြီးလို့လဲခေါ်တက်သေးတယ်~~~