Unicode
"အိမ်ရှေ့စံတို့ လာပြီကွ"
ရိပေါ်တို့လူနာတွေထားတဲ့အဆောင်နားရောက်ရုံရှိသေး သမားတော်တစ်ယောက်ရဲ့ဆော်သြသံကြောင့်ခြံရှေ့မှာလူတွေစုလာကြသည်။ရိပေါ်လဲသိချင်လာတာကြောင့်အမြန်သွားပြီမေးမလို့လုပ်လိုက်သည်။ဒါပေမဲ့သူတောင်မမေးရသေးပဲ သမားတော်တွေကသူ့ကိုကျေးဇူးတင်စကားတွေပြောလာတဲ့အတွက် ကြောင်တောင်တောင်ဖြစ်နေတော့သည်။ကျန့်ငယ်ဘက်ကိုမျက်လုံးစွေပြီး ဘာလဲလို့မေးမိတော့ဟိုကသူ့ကိုမျက်စောင်းထိုးသွားတာများ ခါကနဲနေတာပဲ။သူကလဲသူလေ ဒီကိုနေ့တိုင်းလာတာကသူကိုယ်တိုင်မလား သူတောင်မသိတဲ့ကိစ္စကိုကျန့်ငယ်ကဘယ်သိမလဲ သူကိုယ်ကကိုအမှတ်မရှိကျန့်ငယ်ကိုရွဲ့နေသလိုလုပ်နေမိတာ။
"ဘာလို့ ကိုယ်တော်ကိုကျေးဇူးတင်နေတာလဲ ကိုယ်တော်ကအခုမှရောက်တာမို့သေချာရှင်းပြပါအုံး။"
ထိုအချိန်သမားတော်တွေထဲကတစ်ယောက်ကရှေ့ထွက်လာပြီး
"အိမ်ရှေ့စံကတော့ ကိုယ့်ကိုကိုယ်နိမ့်ချနေပြန်ပါပြီ။အခုလူနာတွေကအိမ်ရှေ့စံပေးတဲ့ဆေးကြောင့်အမြန်ပြန်ကောင်းလာတာပါ။အစကကျွန်တော်တို့က ရက်အနည်းငယ်စောင့်ရမယ်ထင်နေတာခုတော့ ဆေးကစွမ်းလွန်းလို့ထင်တယ်။တစ်ရက်ထဲနဲ့ကို လူနာတော်တော်များများကအနာတွေသက်သာပြီး အရင်ကထက်နေသာလာကြတယ်။ဒါအိမ်ရှေ့စံရဲ့ဘုန်းတန်ခိုးကြောင့်ပါ။""ကျေးဇူးကြီးမျက်လှကြောင်းပါ အိမ်ရှေ့စံ။အိမ်ရှေ့စံအသက်ရာကျော်ရှည်ပါစေ။"
ရုတ်တရက်တော်ဝင်သမားတော်တွေရော လူနာတွေကပါဒူးထောက်ပြီးအရိုအသေပေးလာတဲ့အတွက် သူ့မှာအချိန်အနည်းငယ်လောက်အလှုပ်ရှားနိုင်ဖြစ်သွားရတယ်။ပြီးမှသတိဝင်လာပြီး ကဗျာကယာနဲ့ဒီကိစ္စသူရဲ့စွမ်းဆောင်ရည်ကြောင့်မဟုတ်ပဲ ကျန့်ငယ်ရဲ့ဆေးစွမ်းကြောင့်ဆိုတာကိုအကုန်လုံးသိအောင်ကြေညာလိုက်သည်။
"မောင်မင်းတို့ကျေးဇူးတင်ရမဲ့လူမှားနေပြီ ကိစ္စတွေအားလုံးရဲ့တကယ့်ကျေးဇူးရှင်က ဟောဒီကကျန့်ငယ်ပဲ ငါကိုယ်တော်ကကူညီရုံလောက်သာ။ဒါကြောင့်ကျေးဇူးတင်ချင်ရင် သူ့ကိုပဲကျေးဇူးတင်ပါ။သူကသာခင်ဗျားတို့ရဲ့တကယ့်ကယ်တင်ရှင်အစစ်ပါ။"
YOU ARE READING
。♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。(Ongoing)
Fanficမထင်မှတ်ပဲချစ်ခဲ့မိတဲ့မင်းက ကိုယ့်ကိုလူကြီးကြီးလို့လဲခေါ်တက်သေးတယ်~~~