Unicode
ယွဲ့မင်ယောင် ရှောင်းကျန့်နဲ့စကားများလာတာကြောင့်စိတ်လဲမကြည်သလို ဘာမှလဲမလုပ်ချင်လို့စာကြည့်ခန်းထဲလာပြီးအခါးရည်သောက်ကာ စာအုပ်တွေကိုလှန်လောနေတော့သည်။အမှန်ကရှောင်းကျန့်အပေါ်ထွက်နေတဲ့ဒေါသတွေကို မဆီမဆိုင်စာအုပ်တွေပေါ်ပုံချနေတာဖြစ်တယ်။
"ခေါင်းဆောင်ကျွန်တော်ပါ မနှောင့်ယှက်ချင်ပေမဲ့အရေးတကြီးလျှောက်တင်မှဖြစ်မဲ့အရာပါ"
"အင်း ဝင်ခဲ့"
သူအမိန့်ပေးသံအဆုံးတံခါးက အသံတိုးတိုးနဲ့အနည်းငယ်ပွင့်လာပြီ သူ့ရဲ့တပည့်ကသူ့နားအနားကပ်ကာပြောပြလာတဲ့အကြောင်းအရာကြောင့် သူ့မှာနထင်ကြောတွေပါတင်းလာပြီး ခေါင်းကြီးပေါက်ထွက်သွားမလိုခံစားလိုက်ရတယ်။ဒီလိုဖြစ်လို့မရဘူး။ဒီလောက်လွယ်မလား။ငါ့အကြောင်းပြရသေးတာပေါ့။
ရှောင်းလေးမျှော်နေတဲ့သူကအခုလိုမြန်မြန်ကြီးရောက်လာနိုင်မယ်လို့သူတကယ်ထင်မထားတာ။ဒီလူကလျှော့တွက်လို့တော့မရဘူးပဲ ငါကလဲအဲ့လိုမျိုးကိုမှစိတ်ဝင်စားတာဆိုတော့ တပွဲတလမ်းနွှဲကြည့်ရသေးတာပေါ့။
"ငါတို့ တည်နေရာကိုတော့ရှာမတွေ့သေးဘူးမလား။"
"အခုချိန်ရှာမတွေ့သေးဘူးဆိုပေမဲ့ မကြာခင်တွေ့သွားနိုင်ပါတယ်ခေါင်းဆောင်။တစ်ဖွဲ့လုံးကလဲ ထက်မြတ်လွန်းတာကြောင့် စိုးရိမ်မိပါတယ်။"
ယွဲ့မင်ယောင်ကသူ့တပည့်ပြောပြလာတဲ့စကားကိုနားထောင်ရင်း လျှောက်လမ်းကနေတဖြည်းဖြည်းလျှောက်လာခဲ့တယ်။အပြင်ပန်းကြည့်ရင် သူ့ပုံစံကတည်ငြိမ်ပေမဲ့ သူ့ရင်ထဲကမ္ဘာပျက်နေတာတော့ သူကိုယ်တိုင်နဲ့ကိုယ်စောင့်နတ်သာသိလောက်မည်။
"သူတို့မတွေ့ခင်ငါတို့ကြိုပြင်ဆင်ထားဖို့လိုတယ် မင်းကအတော်ဆုံးတိုက်ခိုက်သူနှစ်ယောက်ကိုခေါ်သွားပြီးရှောင်းကျန့်ကိုအထူးခန်းမှာသေချာစောင့်မတ်နေပါ။အပြင်ကကျန်တဲ့ကိစ္စငါကြည့်ရှင်းလိုက်မယ်။
အရှင်းဆုံးပြောမယ် ငါတစ်ခုခုဖြစ်ခဲ့ရင်တောင်မင်းကတော့ရှောင်းကျန့်ကိုသေချာကာကွယ်ပေးပါ။သူ့ခန္ဓာကိုယ်မှာအစက်လေးတစ်စက်ပေစွန်းသွားမှာတောငါငါမလိုချင်ဘူး ဒါကငါ့ရဲ့နောက်ဆုံးအမိန့်။"
YOU ARE READING
。♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。(Ongoing)
Fanfictionမထင်မှတ်ပဲချစ်ခဲ့မိတဲ့မင်းက ကိုယ့်ကိုလူကြီးကြီးလို့လဲခေါ်တက်သေးတယ်~~~