Unicode
မနက်ခင်းနေရောင်ခြည်နဲ့အတူ ကျေးငှက်တို့ရဲ့သာယာနာပျော်ဖွယ်အသံလေးများကိုကြားရတာဟာ နားဆင်ရသူအပေါင်းစိတ်နှလုံးကိုအေးချမ်းစေသည်။
မနက်ခင်းရဲ့တိတ်ဆိတ်အေးချမ်းမှုနဲ့ဆန့်ကျင်စွာ ရင်ခုန်စိတ်လှုပ်ရှားပြီးအငြိမ်မနေနိုင်သူတစ်ယောက်လဲရှိလို့နေသည်။"သခင်လေးရယ် ခဏလောက်ငြိမ်ငြိမ်ထိုင်နေပေးပါလားဟင် ကျွန်တော်မျိုးမတို့ခေါင်းတွေမူးနှောက်လာလို့ပါ။"
"ဟွန့် အထိန်းတော်ချင်းကဘာသိလို့လဲ လူကြီးကြီးကစောစောလာခေါ်မယ်ဆိုပြီးခုထိရောက်မလာသေးလို့စောင့်နေတာလေ။"
"စောင့်တာကစောင့်ပါ ကျွန်တော်မျိုးမ မပြောပါဘူး။အခုဟာကကြည့်ရတာတော်တော်လေ အဆင်မပြေတော့လို့ထိုင်စောင့်ခိုင်းရတာပါ။ထိုင်စောင့်စောင့် ထစောင့်စောင့်အိမ်ရှေ့စံကသခင်လေးဆီရောက်လာမှာပါ။"
"ဒါဆိုဘာလို့အခုထိမရောက်လာသေးတာလဲ။"ပြောပြီးတာနဲ့ထိုင်ခုံပေါ်စူပုတ်ပုတ်နဲ့ထိုင်သွားတဲ့သခင်လေးကြောင့်သူမမှာအသဲတွေတောင်ယားရတယ်။ဟိုကစောစောလာခေါ်မယ်ပြောထားတာနဲ့ ခါတိုင်းအိပ်ပုတ်ကြီးတဲ့သခင်လေးက ဒီနေ့မှနေရောင်တောင်မပွင့်ခင်ထဲကထစောင့်နေပါသတဲ့.....။
"ကျန့်ငယ် နိုးပြီလား....ကိုယ်ဝင်လာခဲ့မယ်နော်။"
ရိပေါ်သူအပြင်ကခေါ်နေတာကိုမထူးတာကြောင့်တံခါးကိုဖြည်းဖြည်းလေးဖွင့်ပြီးဝင်သွားလိုက်တယ်။
"ဟောဗျာ....နိုးနေတာကိုဘာလို့ပြန်ထူးဖော်တောင်မရရတာလဲကျန့်ငယ်....မျက်နှာကလဲစူပုတ်လို့ ဘယ်သူကမနက်စောစော ကိုယ်တော်ရဲ့ကျန့်ငယ်ကိုရွှေစိတ်တော်ညိုးအောင်လုပ်ထားတာလဲဗျ။"
"ဘယ်သူရမလဲ အခုကျွန်တော့မျက်စိရှေ့က ပြုံးစိစိလုပ်နေတဲ့လူကြီးကြီးပေါ့။"ပြောပြီးတာနဲ့နဂါးမျက်စောင်းလေးကလဲအစစ်ထိုးလိုက်သေးတယ်။
ဒီအဆိုးလေးမနက်စောစော ဒီကအိမ်ရှေ့စံကိုနှလုံးရပ်ပြီးသေစေချင်နေတာနဲ့တူတယ်။"ဘယ်လိုကြောင့် အခုမှလာတဲ့သူကိုစွပ်စွဲနေရတာလဲ......ကိုယ်တော်ဘာမှမလုပ်မိပါဘူးနော်။"
YOU ARE READING
。♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。(Ongoing)
Fanfictionမထင်မှတ်ပဲချစ်ခဲ့မိတဲ့မင်းက ကိုယ့်ကိုလူကြီးကြီးလို့လဲခေါ်တက်သေးတယ်~~~