《14》

596 37 6
                                    

Unicode

သူတို့အဖွဲ့အချိန်အတော်အတန်ကြာခရီးနှင်လာပြီးတဲ့နောက် သူတို့ရဲ့အထိကဦးတည်ရာဖြစ်တဲ့နယ်စပ်မြို့ရှင်းလုံ ကိုရောက်ရှိလာပြီဖြစ်သည်။ရှင်းလုံမြို့ကဝမ်ပြည်ထောင်စုတွင်ရှိသော နယ်စပ်မြို့များထဲကူးသန်းရောင်းဝယ်မှုအများဆုံးပြုလုပ်ရသည့် မြို့ဖြစ်သည်။အရင်ကလူအများအပြားစည်ကားလျက်ရှိသော ရှင်းလုံမြို့သည်ယခုအခါအမည်မသိရောဂါဆန်းတစ်မျိုးကြောင့်သွားလာသူနည်းပါးလာကာ အနည်းငယ်ခြောက်ကပ်ကပ်ဖြစ်လို့နေကာ မြို့ထဲရှိဆိုင်ခန်းတော်တော်များများက ပိတ်ထားသည်ကိုလဲရိပေါ်တို့တွေ့ခဲ့ရသည်။ရိပေါ်ကိုခမည်းတော်က ဒီမြို့ရဲ့အမတ်မင်းအိမ်မှာတည်းဖို့စီစဥ်ထားပြီးသားဆိုတာကြောင့် အမတ်မင်းအိမ်ကိုသာဦးတည်လိုက်တော့သည်။

"အိမ်ရှေ့စံကိုကြိုဆိုပါတယ်။"

"အမတ်ကြီးနေသာသလိုနေပါ။"

"အိမ်ရှေ့စံတို့နေဖို့စီစဥ်ပြီးသားမို့ ခရီးပန်းလာတဲ့အတွက်အနားယူဖို့ဒီဘက်ကိုကြွပေးပါ။"

"ကောင်းပြီ"

အမတ်ကြီးကရှေ့ကနေဦးဆောင်ပြီးအိမ်ရှေ့စံအတွက်ပြင်ဆင်ထားတဲ့အခန်းရှိရာကိုခေါ်ဆောင်သွားပြီး လမ်းတစ်လျှောက်သူတို့မြို့ကရောဂါဆန်းအကြောင်းကို အနည်းငယ်ပြောပြလာတာကြောင့်ရိပေါ်တို့လဲ နားထောင်ရင်းတိတ်ဆိတ်စွာလိုက်လာကြသည်။

"ရောက်ပါပြီအိမ်ရှေ့စံ ဒါကအိမ်ရှေ့စံအတွက်သေချာပြင်ဆင်ပေးထားတဲ့အခန်းမို့ အကြိုက်တွေ့မယ်လို့ထင်ပါတယ်။"

"ဒါနဲ့ဒီဘက်ကသခင်လေးအတွက်တော့ ကျွန်တော်တခြားဘက်မှာအခန်းပြင်ပေးထားပါတယ်။ကျွန်တော့ နောက်ကလိုက်ခဲ့ပေးပါဗျ။"

အမတ်ကြီးကရိပေါ်ဘေးက ကပ်ပါလာတဲ့ရှောင်းကျန့်ဘက်ကိုလှည့်ပြီးပြောလာတာမို့ရှောင်းကျန့်ကဘာပြောရမလဲမသိဖြစ်နေပြီး ရိပေါ်ကိုလှည့်ကြည့်ချိန်မျက်လုံးချင်းအကြည့်ဆုံကာ ရိပေါ်ကသူပြောလိုက်မဲ့အကြောင်းမျက်နှာရိပ်မျက်နှာကဲဖြစ်ပြောပြလာသည်။

"အမတ်ကြီးအလုပ်ရှုပ်မခံပါနဲ့ ကျန့်ငယ်ကကိုယ်တော်နဲ့အခန်းမျှသုံးနေကြမို့အခုလဲကိုယ်တော်အတွက်ပြင်ဆင်ပေးထားတဲ့အခန်းမှာပဲ နှစ်ယောက်နေလိုက်ပါမယ်။အခန်းလဲကျယ်တော့ အဆင်ပြေပါတယ်။အခုလိုသေချာလေးပြင်ဆင်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် အခုတော့ခရီးပန်းလာပြီမို့အမတ်ကြီးကခွင့်ပြုပါအုံး။"

。⁠♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡⁠。(Ongoing)Where stories live. Discover now