《24》

504 29 4
                                    

Unicode

ကြီးမားပြီးခိုင်ခံတဲ့မြို့ရိုးကြီးနဲ့အတူ အနီရောင်ဆေးနီများချယ်သထားပြီးခြင်္သေ့ရုပ်ကြီးများကိုလှပစွာထုစစ်ပုံဖော်ထားတဲ့မြို့တံခါးကြီးရဲ့လှပမှုကအဝေးကနေတောင် မျက်စိကျိန်းလောက်အောင်အထိလှပလွန်းသည်။

ထိုမြို့တံခါးကြီးကိုဖွင့်လိုက်မယ်ဆိုရင် လှပပြီးလူများစွာဖြင့်စည်ကားနေတဲ့ဝမ်နိုင်ငံတွင်းကိုမြင်ရနိုင်သလို အောင်ပွဲနဲ့ပြန်လာမဲ့သူတို့ရဲ့အိမ်ရှေ့စံကိုကြိုဆိုဖို့ လူအများကပန်းခင်းလမ်းနဲ့ကြိုဆိုဖို့ပြင်ဆင်မှုတွေကိုလဲ တွေ့နိုင်တယ်။

ရိပေါ်နဲ့ရှောင်းကျန့်ကမြင်းတစ်ကောင်ထဲကိုအတူစီးလာတာဖြစ်ပြီး ရှောင်းကျန့်ကိုသူ့ရင်ခွင်တွင်းအကျအနထည့်ကာတပ်ရဲ့ရှေ့ဆုံးကနေ ဝင်လာပုံက မြို့ထဲကမိန်းကလေးတွေရဲ့အသဲကိုအစိတ်အစိတ်အမွှာမွှာကွဲသွားစေတယ်ဆိုတာဝမ်အိမ်ရှေ့စံကတော့သိပုံမပေါ်ဘူး။

ဝမ်အိမ်ရှေ့စံပြန်လာမယ်ဆိုတဲ့သတင်းကြောင့်အလှဆုံးပြင်ဆင်ခြယ်သကာ အကောင်းဆုံးပိုးထည်တွေကိုသာရွေးဝတ်ခဲ့ပြီးသူ့ထက်ငါအပြိုင်ပန်းမိုးရွာသွန်းဖို့ပြင်ဆင်လာကြတဲ့ မိန်းမပျိုလေးတွေမှာ အိမ်ရှေ့စံရဲ့ရင်ခွင်ထဲကယောကျာ်းပျိုလေးကိုတွေ့လိုက်ရတဲ့အခါ သူတို့ကြဲချပေးနေတဲ့ပန်းပွင့်တွေနဲ့အတူနှလုံးသားတွေကိုပါ ချခင်းပေးလိုက်ရပါတယ်။

သူတို့ဒီနိုင်ငံမှာနေလာတဲ့သက်တမ်းတလျောက်အိမ်ရှေ့စံရဲ့ဒီလိုအပြုအမှုနဲ့မျက်လုံးထဲကချစ်ရိပ်အပြည့်ပုံစံကြီးက ဒီယောကျ်ားပျိုလေးနဲ့မှသာတွေ့ခွင့်ရခဲ့တာလေ။အရင်ကအိမ်ရှေ့စံနဲ့လူစားထိုးလိုက်သလိုပါပဲ။

ရိပေါ်တို့မြို့ထဲကိုဝင်လိုက်တာနဲ့ပြည်သူတွေရဲ့ကြိုဆိုမှုကတကယ့်ကိုခမ်းနားတဲ့အပြင် ပန်းတွေကလဲနေရာအနှံ့ကနေကြဲချနေတာမို့ မြင်ကွင်းကသိပ်လှလွန်းတယ်။ဒါပေမဲ့ရိပေါ်က ထိုမြင်ကွင်းထက်သူ့ရင်ခွင်ထဲကနေလက်လေးဆန့်ထုတ်ပြီး ပွင့်ဖတ်တွေကိုလိုက်ဖမ်းကာအလှဆုံးပြုံးနေတဲ့ ကျန့်ငယ်လေးကိုသာအမြတ်တနိုးငေးကြည့်ရင်းနဲ့အလုပ်ရှုပ်နေခဲ့တယ်။

。⁠♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡⁠。(Ongoing)Where stories live. Discover now