Unicode
"အရှေ့မှာလုပ်ကြံသူရှိတယ် အိမ်ရှေ့စံနဲ့သခင်လေးကိုကာကွယ်ကြ"
ဘယ်လ်ိုကနေဘယ်လိုဖြစ်သွားလဲမသိ ခုနကမှအေးချမ်းနေတဲ့တောလမ်းလေးကအခုတော့ဘယ်ကနေထွက်လာမှန်းမသိတဲ့ချုံခိုတိုက်ခိုက်သူအချို့ကြောင့်ဓားသံတချွင်ချွင်နဲ့အတူ ဝတ်ရုံနက်နဲ့လူတွေရောရဲမက်တွေဆီကထွက်လာတဲ့သွေးတွေနဲ့ပါအကြီးတန်ကုန်ပြီ။သူတို့ခရီးအတော်အတန်ဆက်ပြီးလို့နေ့လည်နားဖို့နေရာရှာမှတိုက်ခိုက်ခံရတာမို့ ရဲမက်အချို့ကခရီးပန်းထားတဲ့ဒဏ်ကြောင့်လုပ်ကြံသူတွေကိုပြန်တိုက်ရာမှာထင်သလောက်ခရီးမပေါက်ဘူးဖြစ်နေတယ်။ရိပေါ်လဲဒီတိုင်းဆက်ကြည့်နေရင်သူ့လက်အောက်ငယ်သားတွေပိုပြီးအထိနာလာမှာဆိုးတာကြောင့် ကျန့်ငယ်ကိုသူစိတ်ချရတဲ့လူတချို့ကိုအနားထားခဲ့ကာ ကိုယ်တိုင်ထွက်တိုက်ဖို့ဆုံးဖြတ်လိုက်ရတယ်။
"မင်းတို့သခင်လေးကို သေချာကာကွယ်ရမယ်နော် သူတစ်ခုခုဖြစ်ရင်မင်းတို့အသေပဲ။"
"အိမ်ရှေ့စံမသွားပါနဲ့ သခင်လေးနားပဲနေပါကျွန်တော်တို့ထွက်တိုက်လိုက်ပါမယ် အန္တရာယ်များလွန်းလို့ပါ။"
"ငါကိုယ်တော်ကအိမ်ရှေ့စံ ဒီလိုသရဲဘောကြောင်ပြီးပုန်းနေဖို့မဟုတ်ဘူး မင်းတို့သာငါပြောတာကိုသေချာလုပ်။"
ရိပေါ်လဲလုပ်ကြံသူတွေများတဲ့ဘက်ပြေးသွားတုန်းနောက်ကကြားလိုက်ရတဲ့ အသံတိုးတိုးလေးကြောင့်လက်စွဲတော်ဓားကိုကိုင်ထားတဲ့ လက်တွေကအကြောတွေထောင်ထလာတဲ့အထိကျစ်နေအောင်ဖြစ်သွားတာ။ပြောလာတဲ့စကားလေးက "လူကြီးကြီးတစ်ခုခုဖြစ်ရင်ကျန့်ငယ်ကိုဘယ်သူမှတားနိုင်မှာမဟုတ်ဘူးနော်။"တဲ့ ဒီကလေးသူ့ကိုစိတ်မဖြောင့်အောင်လုပ်ပြန်ပြီ။
ရိပေါ်လဲသူ့ရဲ့ရဲမက်တွေနဲ့အတူလုပ်ကြံသူဝတ်ရုံနက်တွေကို သေချာတိုက်ခိုက်နေရသည်။ဒီကောင်တွေကသေချာလေ့ကျင့်ထားပုံရတယ် သူ့ရဲ့ကိုယ်ခံပညာနိမ့်တဲ့ရဲမက်တွေဆိုတာအတုံးအရုံးလဲကုန်ကြတာမြင်မကောင်း ဒီတော့မှနောင်တရမိတယ်သူသာလူများများခေါ်လာခဲ့ရင်ကောင်းသား အခုတော့.....။
YOU ARE READING
。♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。(Ongoing)
Fanfictionမထင်မှတ်ပဲချစ်ခဲ့မိတဲ့မင်းက ကိုယ့်ကိုလူကြီးကြီးလို့လဲခေါ်တက်သေးတယ်~~~