Unicode
ကြီးကျယ်ခန်းနားလှတဲ့အဆောင်တော်ကြီးထဲက အတွင်းခန်းတစ်ခုတွင်လျိုဝှက်စွာတွေ့ဆုံနေကြသောလူတစ်စုရှိလို့နေသည်။
"မင်းငါရှေ့ကိုပြန်ပေါ်လာရဲပြီဆိုတော့ ဘာလဲရှာတွေ့လာပြီလား။"
"ကျွန်တော်မျိုးခေါင်းဆောင်ပြထားတဲ့ ပုံထဲကအတိုင်းလူကိုရှာတွေ့တာကြာပါပြီ ဒါပေမဲ့နေရာအတိတကျနဲ့မှန်မမှန်အတည်ပြုနေတာကြောင့်နည်းနည်းကြာသွားတာပါ။"
"ဒါဆို အခုရောအကုန်သိခဲ့လား။"
"ဟုတ်ကဲ့ သိခဲ့ပါပြီခေါင်းဆောင်။အဲ့လူကအခုဝမ်အိမ်ရှေ့စံနဲ့အတူရှိနေသလို နယ်စပ်မြို့တစ်ခုကိုရောက်နေပါတယ်။"
"နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီပေါ့အပုန်းကောင်းသူလေးရယ်။"ပြောပြီးတာနဲ့မျက်နှာဖုံးအောက်ကနှုတ်ခမ်းတစ်စုံကနေနတ်ဆိုးဆန်ဆန်အပြုံးတစ်ခုပေါ်ထွက်လာတော့သည်။
"ဒါဆို ဆက်စောင့်ကြည့်နေသူတို့အဲ့မြို့ကနေပြန်ထွက်ခါနီးရင် ငါ့ကိုအကြောင်းကြားလိုက် သေချာလုပ်နော်နည်းနည်းမှအလွဲမခံနိုင်ဘူး လွဲတာနဲ့ငါ့အကြောင်းကောင်းကောင်းသိမယ်....။"
"သေချာစောင့်ကြည့်ပြီး မလွဲချော်အောင်ဆောင်ရွက်လိုက်ပါမယ်ခေါင်းဆောင်။"
ကိုယ်မင်းကိုတွေ့ရဖို့မစောင့်နိုင်တော့ဘူး ကိုယ့်ကိုတွေ့ရင်ဖြစ်သွားမဲ့မင်းအမူယာလေးတွေကိို ကိုယ်တကယ်မျှော်လင့်နေမိပြီ။
**************************
ရှင်းလုံမြို့လေးရဲ့အမတ်မင်းအိမ်တော်တစ်ခုတွင်တော့ ရည်းစားမကျသူငယ်ချင်း၊မိတ်ဆွေမကျတဲ့အတွဲလေးတစ်တွဲက ချယ်ရီပင်ကြီးအောက်ကကျောက်စိမ်းစားပွဲလေးပေါ်မှာဖရုံယိုလမုန့်လေးကိုစားရင်းစကားတွေတီတီတာတာပြောကာ အကြည့်ချင်းဖလှယ်ရင်းစနောက်နေကြတော့သည်။"အခုစကားအတည်ပြောမလို့ ခဏနားထောင်ပေးအုံး"
"ဒါဆိုခုနကပြောတဲ့စကားတွေက အတည်မဟုတ်ဘူးပေါ့လေ ခံစားသွားရပြီ။"
"ဟာ လူကြီးကြီးကစကားအကောင်းပြောမယ်ဆို စလာပြီ။"
"ကိုယ်ကကျန့်ငယ်ပျော်အောင်စတာပါ ဒီရက်ပိုင်းဆေးစာအုပ်တွေနဲ့ဆေးမြစ်တွေကြားခေါင်းစိုက်နေရတာမြင်တော့ ကိုယ်ကစိတ်မကောင်းဖြစ်မိလို့ပါ။"
YOU ARE READING
。♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。(Ongoing)
Fanfictionမထင်မှတ်ပဲချစ်ခဲ့မိတဲ့မင်းက ကိုယ့်ကိုလူကြီးကြီးလို့လဲခေါ်တက်သေးတယ်~~~