Unicode
ရောင်စဥ်ကွန်ဒိုကိုပြန်ရောက်တော့ဖူးသစ်ကသူမအားခေါင်းစခြေဆုံးကြည့်ကာ
''ဟဲ့ အင်တာဗျူးသွားဖြေတဲ့သူကဘယ်လိုဖြစ်ပြီးလမ်းဘေးခွေးပုံစံပေါက်လာရတာလဲ''
''ဘယ်အင်တာဗျူးမှမဖြေခဲ့ရသလိုဘယ်အလုပ်မှလည်းမရတော့ဘူး''
ပြောပြီးရောင်စဥ်အခန်းထဲဝင်ကာရေချိုးဖို့ပြင်လိုက်၏။
ဖူးသစ်ကသူမနောက်ကတကောက်ကောက်လိုက်ရင်း
''ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုပြောဦး''
''ပြီးရင်ပြောမယ် ငါရေအရင်ချိုးပါရစေဦး လူလည်းနင်ပြောသလိုလမ်းဘေးခွေးပုံစံပေါက်နေပြီ''
ဖူးသစ်လည်းကုတင်မှာဝင်ထိုင်ပြီးရောင်စဥ့်အားစောင့်နေလိုက်သည်။
ငါးမိနစ်လောက်နေတော့ရောင်စဥ်ကရေချိုးခန်းထဲကပြန်ထွက်လာပြီးဗီရိုထဲကအိမ်နေရင်းဝတ်စုံတစ်စုံကိုယူဝတ်လိုက်ပြီးကုတင်ပေါ်တက်လှဲလိုက်၏။ဖူးသစ်ကသူမအားမျက်စိဒေါက်ထောက်လိုက်ကြည့်ပြီး
''ဟဲ့ ပြောလေ''
''ပြောပါမယ်ဟ ငါအခုအပြင်မှာဘယ်သူနဲ့တွေ့ခဲ့လဲသိလား''
''ဘယ်သူနဲ့လဲ''
''နေတံတိုင်းနဲ့''
''နေတံတိုင်း ကြားဖူးသလိုပဲ နေတံတိုင်း နေတံတိုင်း ဟင် မဟုတ်မှ နင့်ရဲ့နေတံတိုင်း''
''အွန်း''
''ဟဲ့ဟဲ့ ထစမ်း ငါ့ကိုသေချာပြောစမ်း ဘယ်ကနေဘယ်လိုတွေ့ခဲ့ရတာလဲ''
ဖူးသစ်ကအူယားဖားယားနဲ့ရောင်စဥ့်ကိုအတင်းဆွဲထူလေသည်။
ရောင်စဥ်လည်းအဖွားနဲ့တွေ့တာကနေစပြီးရွှံဗွက်ရေတွေစင်လာတာအဆုံးအကုန်ပြောပြလိုက်လေ၏။
''ဒါဆိုနင်ကသူ့ကိုနင့်မျက်နှာမပြခဲ့ဘူးပေါ့''
''အေး''
''အ,လိုက်တဲ့ကောင်မစုတ်လေး နင်သူ့ကိုစေ့စေ့ကြည့်ခဲ့ရမှာ အဲဒါမှနင်အရမ်းလှတာကိုသူ့ကိုပြပြီးချေမိုးခဲ့ရမှာ တုံးလိုက်တာဆိုတာကလည်း''
YOU ARE READING
ရူးရူးမူးမူး...အချစ်ဦး[completed]
Romanceငယ်ငယ်ကအချစ်ဦးကကိုယ့်အလုပ်ရှင်ဖြစ်လာတဲ့အခါ