Unicodeလူတွေအားလုံးရဲ့အကြည့်တွေကသူတို့ဆီကမခွာနိုင်ခဲ့သလို သူတို့ကလည်းတစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ထားဆဲပင်။
တံတိုင်း သူမကိုနမ်းနေတာရပ်လိုက်ပြီးမှသူမလက်ကိုဆွဲ၍
''ပြန်မယ်''
သူဘယ်သူ့ကိုမှဂရုမစိုက်ပဲရောင်စဥ့်လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးပွဲထဲမှထွက်လာခဲ့လိုက်တော့သည်။
ဟိန်းထွဋ်ကတော့ဘာမှမပြောနိုင်ပဲကြက်ကြီးလည်လိမ်ထားသလိုကျန်ခဲ့ရ၏။
ထိုအချိန်သုသုကသူ့နားရောက်လာပြီး
''ဟိန်းထွဋ် အဆင်ပြေရဲ့လား''
''တံတိုင်းနဲ့ရောင်စဥ်က ချစ်သူတွေလား''
''ဟုတ်မယ်ထင်တယ်''
''ဪ''
သူထိုတစ်ခွန်းသာပြောပြီးနေရာမှလှည့်ထွက်လာခဲ့လိုက်သည်။
သုသုကတော့သူ့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရုံမှအပမတတ်နိုင်ပေ။_____________
ရောင်စဥ်တို့ကွန်ဒိုကိုပြန်ရောက်တာနဲ့သူ့ကားပေါ်ကဆင်းမယ်လုပ်တော့သူကလက်ကိုဆွဲထားပြီး
''ဘာဖြစ်နေတာလဲ တစ်လမ်းလုံးစကားလည်းမပြောဘူး''
''ဘာမှမဖြစ်ပါဘူး သွားတော့မယ်''
''နေဦး အခန်းရှေ့ထိလိုက်ပို့ပေးမယ်''
''ရပါတယ်''
''အသာတကြည်လက်ခံစမ်းပါ''
ရောင်စဥ်ဘာမှပြောမနေတော့ပဲသူနဲ့အတူကွန်ဒိုထဲဝင်ခဲ့လိုက်၏။
ဓာတ်လှေကားထဲရောက်တော့တံတိုင်းက''ဟိုမှာတုန်းက မင်းကိုယ့်ကိုဘာလို့ပြန်နမ်းတာလဲ''
သူ့မေးခွန်းကြောင့်ရောင်စဥ်ထူပူသွားရပြီးဂါဝန်စလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ
''အဲဒါက...''
သူကရောင်စဥ့်ဘက်လှည့်ကာခါးကိုအသာဆွဲဖက်ပြီးပါးလေးတစ်ဖက်ကိုကိုင်ကာ
''မင်းကိုယ့်ကိုလက်မခံနိုင်ရင်ကိုယ့်ကိုခါးခါးသီးသီးဖြစ်နေမှာပေါ့ ဟုတ်တယ်မလား''
YOU ARE READING
ရူးရူးမူးမူး...အချစ်ဦး[completed]
Romanceငယ်ငယ်ကအချစ်ဦးကကိုယ့်အလုပ်ရှင်ဖြစ်လာတဲ့အခါ