Unicode
မနက်မိုးလင်းတော့ရောင်စဥ့်စိတ်ထဲကွန်ဒိုမှာပဲလို့ထင်လိုက်ပေမယ့်မျက်လုံးဖွင့်ကြည့်လိုက်မှပဲနေတံတိုင်းတို့အိမ်မှာဆိုတာသတိရတော့သည်။
ရောင်စဥ်ဘေးကိုကြည့်လိုက်တော့အဖွားကရှိမနေ။
သူမလည်းအိပ်ရာကထလိုက်ပြီးကုတင်ပေါ်ကဆင်းလိုက်စဥ်ကုတင်ဘေးကစားပွဲပေါ်မှာသွားတိုက်တံလေးတစ်ချောင်းနဲ့တဘက်လေးတစ်ထည်အားတွေ့လိုက်ရ၏။
ဒါသူမအတွက်ဆိုတာသေချာသည်။
ရောင်စဥ်သွားတိုက်တံလေးကိုယူကာရေချိုးခန်းထဲဝင်ခဲ့ပြီးမျက်နှာသစ်သွားတိုက်ကာအောက်ထပ်ကိုဆင်းလာခဲ့လိုက်၏။
အောက်ထပ်ရောက်တော့လှေကားနဲ့ကပ်လျက်အခန်းထဲကအသံတွေကြား၍ရောင်စဥ်အသာခိုးကြည့်လိုက်တော့သူတို့တစ်မိသားစုလုံးမနက်စာစားနေကြတာကိုတွေ့လိုက်ရသည်။
ရောင်စဥ်နံရံမှာမှီရပ်ပြီး
''စိတ်ညစ်ပါတယ် အရမ်းကသီတာပဲ သွားနှုတ်ဆက်ရင်လည်းမနက်စာအတင်းခေါ်ကျွေးဦးမှာကျိန်းသေတယ်''
ရောင်စဥ်စိတ်ညစ်နေတုန်းလက်သေးသေးလေးတစ်ဖက်ကသူမလက်အားလာကိုင်၍ရောင်စဥ်ငုံ့ကြည့်လိုက်တော့သော်တာလေးကသူမအားရယ်ပြနေလေ၏။
''လာ မမလာ''
သော်တာကသူမအားထမင်းစားခန်းထဲအတင်းဆွဲခေါ်လာတာကြောင့်ရောင်စဥ်အောင့်သက်သက်နဲ့ပဲထိုကလေးနောက်ကလိုက်လာရတော့သည်။
''မြေးလေး ငါ့မြေးလေးနိုးပြီလား''
ပြောပြောဆိုဆိုနဲ့အဖွားကသူမလက်ကိုဆွဲကာခုံမှာထိုင်စေ၏။
''သမီးရောင်စဥ် မနက်စာစားသွားနော်''
''ဟို အန်တီ သမီးမစားတော့ဘူး''
''အယ် မဟုတ်တာ ဂျစ်တူး ရောင်စဥ့်အတွက်မနက်စာပြင်ပေးလိုက်ဦး''
''ဟုတ်မေမေကြီး''
ရောင်စဥ်သူမနဲ့မျက်နှာချင်းဆိုင်ကတံတိုင်းကိုတစ်ချက်ကြည့်ကာခေါင်းကိုအမြန်ငုံ့လိုက်သည်။
ဒါပေမယ့်ရောင်စဥ့်စိတ်ထဲသိနေတာက သးရောင်စဥ့်အားကြည့်နေတုန်းဆိုတာပါပဲ။
YOU ARE READING
ရူးရူးမူးမူး...အချစ်ဦး[completed]
Romanceငယ်ငယ်ကအချစ်ဦးကကိုယ့်အလုပ်ရှင်ဖြစ်လာတဲ့အခါ