Part.7

8.6K 181 0
                                    

Unicode

နေတံတိုင်းကဝင်ခေါ်မယ်ဆို၍ရောင်စဥ်အိပ်ရာစောစောထပြီးပြင်ဆင်ကာကွန်ဒိုရှေ့မှာရပ်စောင့်နေလိုက်သည်။

နာရီဝက်လောက်ကြာသည်ထိနေတံတိုင်းရဲ့အရိပ်ပင်မမြင်ရသေး၍သူမစိတ်ကတိုချင်နေပြီ။

''စိတ်ပျက်လိုက်တာ ပေါ်ကိုမလာတော့ဘူး ကျစ်''

သူမလက်ကနာရီကိုကြည့်ကာပွစိပွစိပြောနေတုန်းသူမရှေ့ကိုကားတစ်စီးထိုးရပ်သွားလေ၏။

နေတံတိုင်းကကားမှန်ကိုချလိုက်ပြီးသူမဘက်ကိုလှည့်ကာ

''တက်''

ရောင်စဥ်ကနှုတ်ခမ်းရွဲ့၍ကားနောက်ခန်းတံခါးကိုဖွင့်လိုက်တော့သူက

''ငါကမင်းဒါရိုင်ဘာလား ငါ့ဘေးလာခဲ့''

သူမလည်းကားနောက်ခန်းတံခါးကိုပြန်ပိတ်ပြီးသူ့ဘေးမှာလာထိုင်လိုက်သည်။

''ရှင်ကကြာလိုက်တာ ကျွန်မခြေထောက်တွေတောင်နာနေပြီ''

''ဝင်ခေါ်ပေးတာတောင်ကျေးဇူးမတင်ဘူး''

''ရှင်ကလာခေါ်မယ်ပြောလို့ပါနော် ကျွန်မအလိုသာဆိုရှင်နဲ့မလိုက်ချင်ပါဘူး''

ပြောရင်းသူမကကားခါးပတ်ကိုဆွဲဖြုတ်ရာ ကြိုးကကြပ်နေပြီးဖြုတ်လို့မရ။

''ကျစ် ဘာလို့မရတာလဲ''

နေတံတိုင်းမျက်နှာကမှုန်ကုပ်မဲမှောင်နေပြီဖြစ်သောသူမကိုကြည့်ကာလူကပြုံးစေ့စေ့ဖြစ်သွားရသည်။
ပြီးတော့သူမနားတိုးကပ်သွားပြီးခါးပတ်ကိုဆွဲဖြုတ်ပေးလိုက်စဥ်လူချင်းကနီးသွားပြီးမျက်နှာချင်းကထိလုမတတ်ဖြစ်သွားလေ၏။

သူမဆီကဝင်လေထွက်လေကသူ့မျက်နှာကိုထိခတ်နေပြီးသူမကလည်းသူ့အားမျက်လုံးဝိုင်းလေးတွေနဲ့မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြန်တာ​ကြောင့်သူနေရခက်လာသလိုခံစားလာရပြီးခါးပတ်ကြိုးကိုမြန်မြန်ဆွဲဖြုတ်ပေး၍သူမနားကခွာကာကိုယ်ကိုပြန်မတ်လိုက်သည်။

ရောင်စဥ်လည်းအဆမတန်ခုန်လာသောနှလုံးသားကြောင့်နေတံတိုင်းများကြားသွားပြီလားဆိုတဲ့စိုးရိမ်စိတ်နဲ့သူ့အားအသာခိုးကြည့်လိုက်တော့သူကသိပုံမပေါ်တာကြောင့်အနည်းငယ်စိတ်အေးသွားရ၏။

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now